Friday, September 17, 2010

မြန်မာ့အမြောက်တပ် M1985 MLRS

မြန်မာတပ်မတော် အမြောက်တပ်ရဲ. M1985 MLRS ကို မြောက်ကိုးရီးယာ နိုင်ငံမှ ၂၀၀၄ ခုနှစ်မှ စတင် တင်သွင်းခဲ့ပါတယ်။မြောက်ကိုးရီးယား နိုင်ငံဟာ M1985 နှင့် M19991 အတွဲလိုက်ပစ်အမြောက်စနစ်တို.ကို ထုတ်လုပ်ခဲ.ပါတယ်။
M1985 ကို ၁၉၈၅ ခုနှစ် မှာ စတင်ထုတ်လုပ်ခဲ.ပြီး အမြောက်ပြောင်း ၁၂ ပြောင်းပါကာ ၂၄၀မမ ပြောင်းဖြစ်ပြီး တာဝေး ၄၃ကီလိုမီတာ ထိပစ်ခတ်နိုင်ပါတယ်။မြောက်ကိုး၇ီယားနိုင်ငံဟာ ၄င်းစနစ် ကို အီရန် နိုင်ငံကို လည်းရောင်းချခဲ.ပါတယ်။အမြောက်တင်ယာဉ်ဟာ တန်ချိန် ၁၅တန်ရှိပြီး ၁ နာရီ ၆၀ ကီလိုမီတာနှုန်းနဲ. မောင်းနှင်နိုင်ပါတယ်။

M1991 အတွဲလိုက်ပစ်အမြောက်စနစ်ကို ၁၉၉၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ.ပြီး ၄င်းနိုင်ငံရဲ. အားထား၇တဲ. အမြောက်စနစ်ပါ။ယင်းစနစ်ကို ပြည်တွင်းမှာ ဘဲအသုံးပြု ပြီး ပြည်ပ ကို ထုတ်မရောင်းပါဘူး။M1991 စနစ်ကို M1985 စနစ်ရဲ.အားနည်းချက်ကို သုံးသပ်ပြီး နည်းပညာအသစ်များဆက်လက်ပေါင်းစပ်ထားပါတယ်။M1991 စနစ်မှာ အမြောက်ပြောင်း ၂၂ ပြောင်းပါကာ ၂၄၀မမ ပြောင်းဖြစ်ကာ တာဝေး ၄၃ ကီလိုမီတာ ထိဖြစ်ကာ သာမာန် ကျည်များအပြင် ဓါတုလက်နက်များ တပ်ဆင်ပြီး ပစ်ခတ်နိုင်ပါတယ်။အမြောက်ယဉ်ကို ၆ဘီးတပ် ယာဉ်ကို အသုံးပြုပါတယ်။

မြန်မာ့ ၂၄၀မမ အတွဲလိုက်ပစ်အမြောက်စနစ်ဟာ M1985 အမျိုးစားဖြစ်ပြီး အမြောက်ပစ်ယာဉ်ကို M1991စနစ်ရဲ. အမြောက်ပစ်ယာဉ် ကို အသုံးပြုထားပါတယ်။စီးရေအတိအကျ မသိ၇သေးပါဘူး။

No comments:

Post a Comment