Monday, May 9, 2011

China Aircraft Carrier

ရုရှားရေတပ်မတော်၏ လက်ရှိအသုံးပြုနေသော လေယာဉ်တင်သင်္ဘော

vargag သင်္ဘောအားမည်သို့အသုံးပြုမည်ဆိုသည်ကိုမှု မရှင်းလင်းပေ။ဖြစ်နိုင်ချေများစွာရှိရာ တိုက်ပွဲဝင်လေယာဉ်တင်သင်္ဘောအဖြစ်၎င်း၊ လေ့ကျင့်ရေးသို့မဟုတ်ရွေ့ပြောင်းလေယာဉ်ကွင်းအဖြစ်၎င်း
ရေပေါ်ပြတိုက်အဖြစ်၎င်း အသုံးပြုနိုင်သည်။၂၀၀၆ခုနှစ်တွင် တွေရသော ပုံများအရ PLA ရေတပ်၏ဆေးရောင်များသုတ်ထားရာ လေ့လာသူများက လေ့ကျင့်ရေးသင်္ဘော အဖြစ်၎င်း အဆင့်မြင့်ပြုပြင်၍ ပြည့်ဝစွာစစ်ရေးတွင် အသုံးပြုနိုင်ရေး အတွက်ဖြစ်ကြောင်းခန့်မှန်းကြသည်။

ယခုအခါတွင် အဆိုပါလေယာဉ်တင်သင်္ဘောကို စစ်ဆင်းရေးအတွက် ပြန်လှယ်ပြင်ဆင်ပြီးဖြစ်ကြောင်း
တွေ့ရပေသည်။ထို့ပြင် သသင်္ဘော၏ အမည်ကိုလည်း ရှီလန်ဟူ၍ ၁၆၈၁တွင် ထိုင်ဝမ်ကျွန်းကို အောင်နိုင်ခဲ့သော တရုပ်ပြည်မမှ ဗိုလ်ချုပ်ကြီး၏ အမည်ကိုပေးခဲ့သည်။

တရုပ်နိုင်ငံအနေဖြင့် လေယာဉ်တင်သင်္ဘောအသစ်တစ်စင်းတည်ဆောက်ရေးမှာ အချိန်အတော်ကြာယူရဖွယ်ရှိသည်။ အလေ့အကျင့်မရှိပေ။ကျွမ်းကျင်သူတို့အဆိုအရ တရုပ်နိုင်ငံအနေဖြင့် ပြည်တွင်းတွင် လေယာဉ်တင်သင်္ဘော တစ်စင်းတည်ဆောက်ရေးမှာ ၂၀၁၅ခုနှစ်အထိ ဖြစ်နိုင်ဖွယ်မရှိပေ။

ထို့ကြောင့်အသုံးပြုပြီးသော လေယာဉ်တင်သင်္ဘောတစ်စင်းဝယ်ယူခြင်းက အသစ်တစ်စင်း တည်ဆောက်ခြင်းထက် ပြုလုပ်နိုင်ဖွယ်ရှိသည်။လေယာဉ်တင်သင်္ဘောများပိုင်ဆိုင်ခြင်းမှာ လွယ်ကူသောအရာ မဟုတ်ပေ။ကမ္ဘာပေါ်တွင် ၂၂စင်းမျှသာရှိသည်။

၎င်းသင်္ဘောများအနက် တစ်ဝက်ခန့်ကို အမေရိကန်ကပိုင်ဆိုင်ထားပြီး ဗြိတိန်၊အီတလီ၊ပြင်သစ်နှင့် ရုရှားတို့ နှစ်စင်းစီရှိ၍ စပိန်၊အိန္ဒိယနှင့် ဘရာဇီးတို့က ၁စင်းစီ ပိုင်ဆိုင်ထားကြသည်။ဒေသတွင်းနိုင်ငံများတွင် ထိုင်းရေတပ်မှ ကမ္ဘာ့အသေးဆုံးလေယာဉ်တင်သင်္ဘောကို ပိုင်ဆိုင်ထားသည်။အသုံးမပြုတော့သည့် ရေတပ်သင်္ဘောများကို ဝယ်ယူရန်မှာ ရှရုားနိုင်ငံနှင့် ယခင်ဆိုဗီယက်နိုင်ငံဟောင်းများမှာ အကောင်းဆုံးနေရာများဖြစ်သည်။

No comments:

Post a Comment