Saturday, May 7, 2011

တရုပ် ရေတပ်၏ လေယာဉ်တင်သင်္ဘောများ

တရုပ်ရေတပ်ဝယ်ယူထားသော လေယာဉ်တင်သင်္ဘောများ
Kuznetsov အမျိုးအစား

Kuznetsov အမျိုးအစားလေယာဉ်တင် သင်္ဘောကို တရုပ်ရေတပ်မတော်တွင် အသုံးပြုနိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည်။
Minok အမျိုးအစား

kiev အမျိုးအစား

ဂျေ-၁၅ (အစ်ပ်ယူ-၃၃)

တရုပ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောရှိရေးမှာ ခက်ခဲသောအရာတစ်ခုမဟုတ်ပေ။သို့သော်မည်သည့်အချိန်တွင်ရှိလာမည် ဆိုသည်မှာ လေ့လာသူတို့အဖို့ တွေးစရာအဖြစ်ကျန်ရှိနေသည်။

တရုပ်နိုင်ငံအနေဖြင့် သမုဒ္ဒရာရေနက်တွင် သွားလာနိုင်သော ရေတပ်စွမ်းရည်ပိုင်ဆိုင်လိုမှုမှာ အသစ်အဆန်းမဟုတ်ပေ။အင်းအားကြီးနိုင်ငံတို့တွင် လေယာဉ်တင်သင်္ဘော တစ်စင်းမှ၍ အများအပြားပိုင်ဆိုင်လိုမှုများရှိကြောင်း၊တရုပ်နိုင်ငံအနေဖြင့်လေယာဉ်တင် သင်္ဘောများရှိလာသည့်တိုင်အောင် အမေရိကန်နိုင်ငံများ၏ အသုံးပြုပုံနှင့်ကွဲပြားခြားနားစွာ အသုံးပြုမည်ဟု တရုပ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌါန၏ နိုင်ငံခြားရေးညွှန်းကြားရေးမှုး ဗိုလ်ချုပ်ကျန်လီဟွာက ပြောဆိုခဲ့သည်။
တရုပ်နိုင်ငံသည် ၎င်း၏ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောထုတ်လုပ်ရေးကို ၁၉၇၀ခုနှစ်များက စတင်၍ ဆွေးနွေးခဲ့သည်။၁၉၈၅ခုနှစ်တွင် သြစတြေးလျနိုင်ငံ၏ လေယာဉ်တင်သင်္ဘောကို ဝယ်ယူခဲ့၍ တရုပ်ကျွမ်းကျင်သူတို့က သင်္ဘောကို လေ့လာပြီးပျံသန်းရေးကုန်းပတ်ကို ပြန်လည်ပုံတူတည်ဆောက်၍ လေယာဉ်မှုးများလေ့ကျင့်ရေးအတွက် အသုံးပြုခဲ့သည်။

ယခင်ဆိုဗီယက်ခေတ်လေယာဉ်တင်သင်္ဘောနှစ်စင်းဖြစ်သော Minok ကို ၁၉၉၈ခုနှစ်တွင်လည်းကောင်း၊Kiev ကို ၂၀၀၀ခုနှစ်တွင်လည်းကောင်းဝယ်ယူခဲ့သည်။အဆိုပါသင်္ဘောနှစ်စင်းလုံးအား အသုံးပြုနိုင်ရန်ပြင်ပြင်ဆင်ခြင်းမပြုဘဲ ရေပေါ်ပြတိုက်အဖြစ်သာ အသုံးပြုခဲ့သည်။၎င်းတို့အားရေတပ်အင်ဂျင်နီယာတို့က ပုံစံလေ့လာမှုအဖြစ်တော့ သုံးခဲ့ကြသည်။၁၉၉၈ခုနှစ်တွင် ဆိုဗီယက်၏ Kuznetsov အတန်းအစားလေယာဉ်တင်သင်္ဘောကို ဝယ်ယူခဲ့ပြန်သည်။ထိုအချိန်က ဆိုဗီယက်ပြည်ထောင်စုပြိုကွဲနေချိန်ဖြစ်၍ အဆိုပါသင်္ဘောမှာလည်း ၇၀ရာခိုင်နှုန်းသာတည်ဆောက်၍ ပြီးစီးသေးသည်။ကုတ်းပတ်တပ်ဆင်ခြင်း၊ လျှပ်စစ်လုပ်ငန်းများတပ်ဆင်ခြင်း၊ကိုယ်ထည်ကို
ပြည်သူ့လွှတ်မြောက်ရေးတပ်မတော် PLA ၏ရေတပ်အမှတ်အသားတို့နှင့်တကွ
ဆေးသုတ်ခြင်းတို့ကို့ပြုလုပ်ခဲ့ပြီး ရုရှား၏ အက်စ်ယူ-၃၃ တိုက်လေယာဉ်များအပေါ် စိတ်ဝင်းစားမှုရှိခြင်းတို့ကို အလေးအနက်ပြောကြားခဲ့ရာ တရုပ်၏လေယာဉ်တင် သင်္ဘောတပ်ဖွဲ့ပိုင်ဆိုင်ရေး ကိစ္စများပြန်လည်တောက်ပလာပြန်သည်။

အပိုင်း-၂ ဆက်ရန်...

No comments:

Post a Comment