Thursday, May 26, 2011

Myanmar Navy landing Craft



မြန်မာ့တပ်မတော်ရေ ကမ်းထိုးယာဉ်များဖြစ်ပါတယ်...ဒီကမ်းထိုးယာဉ်တွေကို တွေ့ရတာနှင့် ဒုတိယကမ္ဘာစစ်က နော်မန်ဒီ ကမ်းတက်တိုက်ပွဲကို သတိရမိပါတယ်..ဂျာမန်တွေသိမ်းပိုက်ထားတဲ့ ပြင်သစ်ကို မဟာမိတ်တပ်ပေါင်းစုက ဝင်တိုက်ခြင်းဘဲဖြစ်ပါတယ်..အကျအရှုံးများနိုင်မှန်း သိရက်နှင့် တိုက်ခဲ့ရတဲ့ စစ်ပွဲပါ..ဒီတိုက်ပွဲကို အရင်းအနှီးမြောက်များစွာပေးခဲ့ပြီး ဒီတိုက်ပွဲ အောင်နိုင်ခြင်းက ဂျာမန်တွေရဲ့ စစ်ရှုံးခြင်း အစလို့ဆိုနိုင်ပါတယ်...။တကယ်တော့ ယခုခေတ်မှာလည်း ကမ်းထိုးယာဉ်တွေကို တည်ဆောက်နေကြဆဲပါ...ရေပြင် အငြင်းပွားမှုတွေဟာ နောင်တချိန်ချိန်မှာ မဖြစ်ဘူးလို့ပြောလို့မရပါဘူး ဒီတော့ မြန်မာ့တပ်မတော်ရေ အတွက် ခေတ်မှီ ကမ်းထိုးယာဉ်တွေ၊စစ်ရေယာဉ်တွေ လိုအပ်နေပါသေးတယ်...။ဘင်္ဂလားဒေ့်က တရုပ်နိုင်ငံမှ ဖရီးဂိတ် အသစ်တွေမှာယူနေပြီး ၂၀၁၂ ခုနှစ်မှာ လက်ခံရရှိမယ်လို့ဆိုပါတယ်...။မြန်မာ့ရေတပ်မတော်မှာ လည်းခေတ်မှီ နည်းပညာများပါဝင်တဲ့ စစ်ရေယာဉ်တွေထပ်မံ ဝယ်ယူထုပ်လုပ်သင့်ပါတယ်...။

No comments:

Post a Comment