Tuesday, July 26, 2011

မြန်မာ့ ရေတပ် ၅၁၀ ရန်နိုင် စစ်ရေယာဉ်

(မြန်မာ-ယိုးဒယား ရေပြင်ပိုင်နက်ဆိုင်ရာ ပြဿနာများကို မမေ့ကြစေရန် ပြန်လည် ဖော်ပြပေးခြင်းဖြစ်ပါသည်။)

ရန်ကုန်၊ ဇန်နဝါရီလ ၁၄ရက် - ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၂ရက်၊ နံနက် ၁၁ နာရီ အချိန်တွင်၊ တပ်မတော် ကင်းလှည့်ရေယာဉ် ရန်နိုင်-၅၁၀ သည် ပုံမှန်ကင်းလှည့်တာဝန် ထမ်းဆောင်ရန် ကော့သောင်းဆိပ်ကမ်းမှ ထိုင်း ငါးဖမ်းလှေများ ကျက်စားလေ့ရှိရာနေရာသို့ ထွက်ခွာခဲ့ပါသည်။ မြောက် လတ္တီကျူ့ ၉ ဒီဂရီ ၅၇ မိနစ်နှင့်၊ အရှေ့လောင်ဂျီကျူ့ ၉၈ ဒီဂရီ ၂၇ မိနစ် ဆုံရာ၊ သူဋ္ဌေးကျွန်း၏ အနောက်ဘက်သို့ နက်နံ ၁၁ နာရီ ၃၀ မိနစ်တွင် ရောက်ရှိစဉ် ထိုင်းစစ်ရေယာဉ်တစ်စီးမှ ရန်နိုင်-၅၁၀ သို့ ၂၅ မီလီလီတာ အမြောက် ဖြင့်လည်းကောင်း၊ စက်သေနတ်များဖြင့် လည်းကောင်း စတင်ပစ်ခတ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားချိန်တွင် ထိုင်းစစ်ရေယာဉ်သည် မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း မြောက်လတ္တီကျူ့ ၉ ဒီဂရီ ၅၅ မိနစ် နှင့် အရှေ့လောင်ဂျီကျူ့ ၉၈ ဒီဂရီ ၂၅ မိနစ်ဆုံရာတွင် ရောက်ရှိနေပါသည်။
ယိုးဒယားရေတပ် စစ်သင်္ဘောမှ ပစ်ခတ်လိုက်သော ဘော်ဖာ အမြောက်ကျည်ဖြစ်ပါသည်။



အဆိုပါ မကြေငြာဘဲ ရုတ်တရက် တိုက်ခိုက်မှု၏ ရလဒ်အဖြစ် ရန်နိုင်-၅၁၀ သည်
အနည်းငယ်ထိခိုက် ပျက်ဆီးခဲ့သော်လည်း ကော့သောင်းသို့ လူအထိအခိုက် မရှိဘဲ ပြန်လာနိုင်ခဲ့ပါသည်။ ထို့ပြင် ဆလုံကျွန်းပေါ်ရှိ စေတီတော်၏ ခေါင်းလောင်းပုံ ဒုတိယဖေါင်းရစ်ကို အမြောက်ဆံ ထိမှန်ခဲ့ပြီး အလျား ၂၁ လက်မ၊ အနံ ၅ လက်မ၊ အနက် ၃ လက်မ ခန့် ထိခိုက်ပျက်စီး စေခဲ့ပါသည်။ အချို့သော အမြောက်ဆံများသည်လည်း ဆလုံကျွန်း၏ အနောက်ဘက် ကမ်းခြေပေါ်တွင် ပေါက်ကွဲခဲ့ပါသည်။

ထိုင်းနိုင်ငံမှ ပြုလုပ်သည့် အလျား ၇ လက်မ၊ လုံးပတ် ၁ လက်မခွဲ ရှိ၍ ”HET BPD dated 1-4-78 40/70 HEIT M2" ဟူသော စာတန်းပါရှိသည့် ၄၀ မီလီလီတာ ဘော်ဖာ အမြောက်ကျည်ဆံ တစ်ခုကိုလည်း ကျွန်း၏ ကမ်းခြေပေါ်တွင် တွေ့ရှိခဲ့ရပါသည်။


အဆိုပါ ဖြစ်စဉ်အတွင်းတွင်၊ ထိုင်းရေယာဉ်မှ မကြေငြာဘဲ ရုတ်တရက် စတ
င်ဖြစ်ခတ်ခဲ့သော်လည်း မြန်မာ ကင်းလှည့်ရေယာဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှု၍ လည်ကောင်း၊ အခြေအနေ ပိုမိုဆိုးဝါးလာခြင်းကို ရှောင်ရှားနိုင်ရန် အတွက်လည်ကောင်း တုံပြန်ပစ်ခတ်ခြင်း မပြုခဲ့ပါ။ သို့သော် ကော့သောင်းမြို့နယ် နယ်ခြားကော်မတီမှ အဆိုပါဖြစ်စဉ်နှင့် ပက်သတ်၍ ရနောင်းမြို့ နယ်ခြားကော်မတီသို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါသည်။

ထို့ပြင် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့်လည်း ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးကို ဆင့်ခေါ်၍ အဆိုပါ ဖြစ်စဉ်ကို ကန့်ကွက်ခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် အနာဂတ်တွင် နှစ်နိုင်ငံ နယ်စပ်၌ အလားတူဖြစ်စဉ်များ ဖြစ်ပွားမှုကို ရှောင်ရှားရန် အတွက် လိုအပ်သည့် အရေးယူ ကြီးကြပ်မှုများ ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။ အလားတူပင် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း အဆိုပါဖြစ်စဉ်နှင့် ပက်သတ်၍ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ကန့်ကွက်ရန် ညွှန်ကြားခဲ့ပါသည်။ _MNA

regards
Comrade

(ကို နေမင်းသူ၏ Comment ကိုပြန်လည် ဖော်ပြထားခြင်းဖြစ်ပါသည်။)
ရန်နိုင် ၅၁၀ ကိစ္စက ၂၀၀၁ လို့ထင်တယ် ရဲဘော်လင်းယုန်ရ.. ကျနော်လည်း အဖြစ်အပျက်တွေလောက်ပဲ မှတ်မိတော့တာ.. အဲဒီတုန်းက ကြည်းတပ်က အုပ်ခွဲတပ်ကြပ်ကြီးတစ်ဦးက ထိုင်းသင်္ဘောကို လောင်ချာနဲ့လှမ်းပစ်တာ အရာရှိစားရိပ်သာထဲကိုကျည်ထိ​သွားတယ်။ အခင်းဖြစ်ချိန်မှာထိုင်းစစ်ရေယာဉ်မှူး ဘန်ကောက်ကိုရောက်နေလို့ ပြဿနာတက် တယ်ကြားမိတာပဲ... နောက်ပိုင်း ကျနော်တို့ဆီက သင်္ဘောတွေကိုလည်း ထိုင်းရေတပ်က အမြောက်နဲ့လိုက်ပစ်တာ ပစ်မှတ်လွဲပြီး အနီးနားကျွန်းပေါ်က ဘုရားဘေးမှာ ကျတယ်။ ရန်နိုင်ရေယာဉ်တွေက ပတ်ကားစစ်ရေယာဉ်တွေ မဟုတ်ဘူးဗျ။ ဖမ်းမိတဲ့ ထိုင်းငါးခိုးလှေ တွေထဲက သံဘော်ဒီနဲ့ဆောက်ထားတဲ့လှေေ​တွကို မြန်မာရေတပ်မှာ ပြန်သုံးရတာ.. စစ်တပ်ထောက်ပံ့မှုချင်းကတော့​ မိုးနဲ့မြေလိုကွာပါတယ်ဗျာ..​ ဒါပေမယ့် စွမ်းရည်နဲ့ စိတ်ဓာတ်အရတော့ မြန်မာစစ်သားက ထိုင်းစစ်သားကိုမမှုတာ အမှန်ပါပဲ.. ကြည်းတပ်ကလူတွေပိုသိမယ်ထင်ပါတယ်... ကျနော်တိုနိုင်ငံသားတွေသာ ညီညွှတ်ကြရင် ထိုင်းကို အချိန်မရွေး စိန်ခေါ်လို့ ရနိုင်ပါတယ်... အားလုံးကိုကျေးဇူးပါ..

No comments:

Post a Comment