Tuesday, July 26, 2011

J-18 V/STOL

F-35 တိုက်လေယာဉ်

J-18 V/STOL တည့်မတ်စွာပျံသန်းခြင်း သို့မဟုတ် ပြေးလမ်းတိုဖြင့် ပျံသက်ဆင်းသက်နိုင်သည့် လေယာဉ်စမ်းသပ်ပျံသန်းလျက်ရှိသည့် ကောလဟလများထွက်ပေါ်လာခဲ့သည်။ပထမတွင် တရုပ်နိုင်ငံက f-35 B joint Strike Fighter ပုံစံ V/STOL ဂျက်လေယာဉ်တည်ဆောက်လျက်ရှိကြောင်း သတင်းများထွက်လာသည်။
နောက်ပိုင်းတွင် တရုပ်နိုင်ငံနှင့် ဆက်စပ်သည့် သတင်းများက V/STOL လေယာဉ်စမ်းသပ်ပျံသန်းကြောင်း ဖော်ပြခဲ့သော်လည်း F-35 နှင့် ပတ်သက်သည့် ဖော်ပြမှုများမပါဝင်ပေ။ယင်းဂျက်လေယာဉ်မှာ ဝန်ပြည့်သယ်ဆောင်ချိန်တွင် ပေါင် ၆၀၀၀၀ အထက်တွင် ရှိသည့် ရုရှား၏ အက်စ်ယူ-၃၃ လေယာဉ်တင် သင်္ဘောအခြေပြုတိုက်လေယာဉ်နှင့် အလားတူဖြစ်သည်ဟုဆိုကြသည်။ ထိုကြီးမားသည့် ဂျက်လေယာဉ်ကြီးသည် စကီးနှင့် လျှောသီးခုံ ပုံစံဖြစ်သောပြေးလမ်းကို အသုံးပြု၍ သာမန်ပုံစံ အတိုင်းပျံတက်နိုင်သည်။ထို အက်စ်ယူ-၃၃ လေယာဉ်မှာ ကြီးမားသည့် တိုက်လေယာဉ်ဖြစ်၍ ၎င်းအား V/STOL ဂျက်လေယာဉ် အဖြစ် ပြောင်းလည်းရေးမှာ များစွားခက်ခဲပေမည်။

မည်သို့ပင်ဖြစ်စေ သတင်းဖော်ပြမှုတွင် ဂျေ-၁၈ တွင် ဂျေ-၁၅ နှင့် အလားတူသော ခေါက်ထားနိုင်သည့် တောင်ပံများရှိကြောင်းသာ ဖော်ပြထားသည်။ဂျေ-၁၅သည် ရုရှား၏ အက်စ်ယူ-၃၃ ကို တရုပ်ပုံစံ တပ်ဆင်ထားခြင်းဖြစ်သည်။လေယာဉ်တင်သင်္ဘော အခြေပြုတိုက်လေယာဉ်များသည် အမြဲတမ်းနီးပါး ခေါက်ထားနိုင်သော အတောင်ပံများ တပ်ဆင်လေ့ရှိသည်။တရုပ်လေကြောင်းပျံသန်းရေး အရာရှိတို့ကမှု V/STOL တိုက်လေယာဉ်စီမံကိန်း ရှိသည်ကို ငြင်းပယ်ခဲ့ကြသည်။
ထိုသို့ဆိုလျှင် V/STOL တိုက်လေယာဉ်လုပ်ကိုင်ရာတွင် ပေးကျင်းက ထိုကိစ္စအပေါ်တိတ်ဆိတ်လျက်ရှိသည် ဟုဆိုနိုင်သည်။တရုပ်ရေတပ်မတော် သို့မဟုတ် လေတပ်တို့က ကိုယ်ပျောက်ပူးပေါင်းတိုက်ခိုက်ရေး တိုက်လေယာဉ် JSF ပုံစံရှိသော တိုက်လေယာဉ်ကို ဂျေ-၂၀ လေယာဉ်အား ဖြည့်စွက်ရန် လိုအပ်၍လည်းဖြစ်နိုင်သည်။ဂျေ-၂၀ တိုက်လေယာဉ်မှာ အမြန်နှုန်းမြင့်မားသည့် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်ဖြစ်ဖွယ်ရှိ၍ ထိုးစစ်ဆင်မှု စနစ်ထက်ပိုသော လေယာဉ်တင်သင်္ဘောဖျက် လေယာဉ်လည်းဖြစ်နိုင်သည်။သို့မဟုတ် သတင်းအစအနကလေးများကို ပေါင်းစပ်၍ F-35 ဂျက်တိုက်လေယာဉ်နှင့် တူ၍ တည့်မတ်စွာ ပျံတက်နိုင်စွမ်းရှိပြီး ဂျေ-၂၀ ဂျက်တိုက်လေယာဉ်ကဲ့သို့ ကိုယ်ပျောက်တိုက်လေယာဉ်လည်း ဖြစ်နိုင်သည်။

No comments:

Post a Comment