Tuesday, August 30, 2011

အမျိုးအစား-၅၉ ၅၇မမ လေကြောင်းရန်ကာကွယ်ရေး

မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေး အမြောက်စနစ်

မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များရှိ အမျိုးအစား-၅၉ ၅၇မမ လေယာဉ်ပစ်အမြောက်ဖြစ်ပါသည်။အမျိုးအစား-၅၉ ၅၇မမ ကို တရုပ်နိုင်ငံမှ ၉၀ ခုနှစ်ဝန်းကျင်ပိုင်းတွင် တရုပ်နိုင်ငံမှ ရရှိခဲ့ခြင်းဖြစ်သည်။ရုရှားနိုင်ငံ၏ အက်စ်-၆၀ စနစ်ကို ပုံတူယူထားသော အမျိုးအစား-၅၉ ၅၇မမ သည် မြန်နှုန်းနိမ့်ပစ်မှတ်များ ဥပမာ။ ။လေထီးခုန်စစ်သားများ၊ရဟတ်ယာဉ်များအား ပစ်ခတ်ရာတွင် တာတိုနှင့် တာလတ်ပစ်မှတ်များအား ပစ်ခတ်ရန်အတွက် အသုံးပြုရန် ပုံစံထုတ်ထားခြင်းဖြစ်ပါသည်။
အမျိုးအစား-၅၉ ၅၇မမ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အသုံးပြုသော ဗီယက်နမ်နိုင်ငံက ထိုစနစ်ဖြင့် အမေရိကန်၏ ရဟတ်ယာဉ်များကို ကောင်းစွာချေမှုန်းနိုင်ခဲ့ပါသည်။
ထို့အတူ အရှေ့ အလယ်ပိုင်းတိုက်ပွဲတိုင်းတွင်လည်း အသုံးပြုခဲ့ကြသည်။မြန်မာ-ယိုးဒယား နယ်စပ်တိုက်ပွဲများအပြီးတွင်လည်း ရှေ့ တန်းစခန်းတချို့ တွင်လေကြောင်းရန်ကာကွယ်ရေးစနစ် အတော်များများကို ချထားသည်ဖြစ်ပြီး ပြီးပြည့်စုံသော လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုမှု ချထားနိုင်ခြင်းမရှိသေးပါ။(တာလတ်၊တာဝေးပစ်မှတ်များ အတွက် လေကြောင်းရန်ကာကွယ်ရေး ဒုံးများ ဥပမာ-TOR M1,BUK M1 စနစ်များကို တပ်ဆင်ပေးနိုင်ခြင်းမရှိသေးပါ။)

အမျိုးအစား-၅၉ ၅၇မမ လေယာဉ်ပစ်အမြောက်စနစ်
တပ်ဖွဲ့ဝင်.....၇ယောက်
အမြောက်ပြောင်းဝအကျယ်....၅၇မမ၊
ထိရောက်မှု အကွာအဝေး.....မီတာ ၆၀၀၀ (ရေဒါပါစနစ်)၊မီတာ ၄၀၀၀ (ရေဒါမပါ)
အမြောက်၏ လှည့်ပတ်နိုင်မှု....၃၆၀ဒီဂရီ
ပစ်ခတ်နှုန်း.....တစ်မိနစ်တွင် ၁၀၅-၁၂၀ ကျည်ပစ်ခတ်နိုင်ပါသည်။
(အမျိုးအစား-၅၉ ၁၀၀မမ လေကြောင်းရန်ကာကွယ်ရေး အမြောက်ကြီးများလည်းရှိပါသည်။)

ဒေသတွင်း အသုံးပြုသည့် နိုင်ငံတချို့
ဘင်္ဂလားဒေ့် အမျိုးအစား-၅၉ ၅၇မမ


အင်ဒိုနီးရှား အက်စ်-၆၀ ၅၇မမ

ဗီယက်နမ် အက်စ်-၆၀ ၅၇မမ

No comments:

Post a Comment