Sunday, September 25, 2011

စစ်ရေယာဉ်များ အဆင့်မြင့်တင်ရန်အတွက်

(ကိုkongရဲ့ ကော်မန့်ကို အယောက်တိုင်း ဖတ်စေချင်တဲ့ ဆန္ဒနှင့် ပိုစ့်အနေနှင့်တင်လိုက်ပါတယ်ခင်ဗျာ..။)

ကျွန်တော်တို့နိုင်ငံမှာဘင်္ဂလားအရေးအတွက်အသင့်ပြင်ဖို့အတွက်လက်ရှိ ရှိရင်းစွဲFACsများ Corvattesများအားအရေးပေါ် ဦစားပေးအဆင့်(၁)အနေဖြင့် အဆင့်မြှင့်ခြင်းသည်သာလျှင် အထိရောက်ဆုံးနှင့်အမြန်ဆုံး အသင့်ပြင်မှုဖြစ်မှာ ဖြစ်ပါတယ်။

ရေတပ်ရဲ့သဘောသဘာဝအရ ရေတပ်တစ်ခုအားနေ့ချင်းညချင်း ဖွဲ့စည်းပုံအင်အားတိုးအောင်လုပ်၍မရပါခင်ဗျာ ၊သင်္ဘောတစ်စီးတည်ဆောက်ဖို့ နှစ်ချီ အချိန်ယူရပါတယ်၊နိုင်ငံခြားမှဝယ်ယူလျှင်လည်း conversion courseများ combat operation courseများ လနှင့်ချီကာ ဝယ်ယူသည့်ရေယာဉ်ပေါ်မူတည်ပြီး ကြာတတ်ပါတယ်၊ဝယ်ယူ ပြီးတစ်နှစ်လောက်အထိ အင်ဂျင်နီယာပိုင်းပြဿနာများ ရှိတတ်ပါတယ်။ဒိအတွက်လက်ရှိ ရှိရင်းစွဲရေယာဉ်များအား ပြီးပြည့်စုံသောအဆင့်မြှင့်တင်မှုသာလျှင် ထိရောက်သောအသင့်ပြင်မှု ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။
၅စီးရီးFACsများအတွက် ဥပမာပေးရရင် C-802A SSMတစ်လုံးရဲ့တန်ဖိုးဟာUS $500,000ဘဲရှိပါတယ်။ ဒါကြောင့်လေးလုံးဆိုနှစ်သန်းပေါ့ခင်ဗျာ။
စီ-၈၀၂အေ ရေပြင်မှရေပြင်ပစ် သင်္ဘောဖျက်ဒုံး

AK-630 CIWS systemနဲ့surface search radarက နှစ်သန်းလောက်ကုန်ကျမယ်ဖြစ်ပါတယ် SAMတွေအတွက်ကတစ်သန်းလောက်ကုန်မယ်၊ အားလုံးအလွန်အကျွန်ဒေါ်လာငါးသန်းလောက်တစ်စီးစီမှာကုန်ပါမယ် ၁၈စီးဆိုဒေါ်လာ၉၀လောက်ကုန်မှာဖြစ်ပါတယ်။ သန်း၉၀လောက်ဟာMIG-29 ၃စီးလောက်သာ ဝယ်ယူနိုင်တဲ့ငွေကြေးဖြစ်ပါတယ်။ ဒါပေမဲ့ဒီငွေကြေးပမာဏနဲ့ အထက်ပါ၅စီးရီးများအား အဆင့်မြှင့်တင်ပေးခြင်းဟာ တိုက်စွမ်းရည်အလွန်ပြောင်းလဲလာမှာ ဖြစ်သလိုစစ်ရေးချိန်ခွင်လျှာမှာ ထူးခြားစွာအလေးသာသွားမှာဖြစ်ပါတယ်။ MIGသုံးစီးရဲ့စစ်ဆင်နိုင်မှုထက် 5 series FACs ၁၈စီးရဲ့စစ်ဆင်နိုင်မှုစွမ်းရည်နှင့် အရေးပါမှုဟာနှိင်းယှဉ်လို့မရအောင် ကွာခြားပါတယ်။
အေကေ-၆၃၀ CIWS စနစ်

(မြန်မာ့ရေတပ်မှာ အေကေ-၆၃၀ စနစ်တပ်ထားတာ အောင်ဇေယျ ဖရီးဂိတ်ကြီးပေါ်မှာဘဲ တပ်ထားပါတယ်။)

Corvatteနှင့် Frigateများ၏ လေကြောင်းရန်ကာကွယ်ရေးအတွက် Tor-M1တွင်သုံးပြုသော 3D F band acquisition radarများ Target engagement radarနှင့် 9M331 missilesများ ဖြင့်မြှင့်တင်ဖို့လိုအပ်ပါတယ် Corvette များအတွက်လေကြောင်းရန်ကာကွယ်ရေး missileများအားBridgeအနောက်ဖက် Second Deck ( Upper Deck ) port & Stb အပြင်ဘယ်ညာတဖက်တချက်မှာ missile stowage containersများအား verticaliy stowလုပ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့9M331 SAMများဟာ နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်များမှာ ရှိပြီးဖြစ်တာကြောင့်missile( SAM )radarများနှင့် missile stowage vertical containersများသာ ဝယ်ရန်လိုအပ်ပါတယ်။ဒါကြောင့်ကုန်ကျမှုသက်သာနိင်ပါတယ် ထိုသို့မဟုတ်ဘဲKashtan CIWSစနစ်သာဝယ်ယူပါက ကုန်ကျစရိတ်များမှာဖြစ်ပါတယ်။
TOR M1 လေကြောင်းရန်ကာကွယ်ရေးစနစ်

Kashtan CIWS စနစ်

နောက်ဆုံးတပ်မတော်ရေတွင်ရှိသမျှသော ရေယာဉ်များ၏လက်နက်စနစ်အား အပြည့်အဝအဆင့်မြှင့်ပါက ဒေါ်လာသန်း ၂၅၀နှင့်၃၀၀ကြားသာ ကုန်နိုင်တယ်လို့ထင်မြင်ယူဆရပါတယ်ခင်ဗျာ။
ဒီလိုအဆင့်မြှင့်ခြင်းအားဖြင့် တပ်မတော်ရေဟာဘင်္ဂလားအား အနိုင်ယူနိင်မှာမကဘဲ ယိုးဒီးယားအားလည်း အတော်အသင့်အဆင့်အတန်းရှိရှိ တန်ပြန်နိုင်မှာဖြစ်သလို စိတ်ဓာတ်ရေးရာကျဆင်းနေသော တပ်မတော်ရေမှအရာရှိနှင့် အခြားအဆင့်များ၏စိတ်ဓာတ်အားပြန်လည်မြှင့်တင်နိုင်မှာဖြစ်ပါတယ်။
၄၇စီးရီး စစ်ရေယာဉ်များ ဒုံးလက်နက်စနစ် အဆင့်မြင့်တင်မှု မပြုလုပ်မည်

((၄၇စီးရီးများရှိSSM control radarသည် system errorဖြစ်နေတာကြောင့် missileတစ်ခါ၊ တစ်လုံးပစ်ပြီးတိုင်းနောက်တစ်လုံးပစ်ရန် processing period ၅မိနစ်ကြာပါတယ် ဒီလိုဖြစ်နေတာ ဆယ်စုနှစ်ကျော်ကြာခဲ့ပါတယ် ပြင်ဆင်ခွင့်မရခဲ့ပါ။ လွန်ခဲ့သောနှစ်မှတရုတ်နိင်ငံမှ ပစ္စည်းများမှာပြီးပြင်ဆင်ခဲ့ရပါတယ် ၂၀၀၈ကဘင်္ဂလားအရေးအခင်းမှာ နင်လားငါလားပစ်ခတ်မှုရှိခဲ့လျှင်သော်၎င်း၊ သို့မဟုတ်ဘင်္ဂလားမှ ကျွန်တော်တို့သင်္ဘောများ ထိုသို့ပြဿနာရှိနေကြောင်းသိခဲ့လျှင် ကျွန်တော်ဆက်မတွေးရဲတော့ပါခင်ဗျာ၊ ဒါကြောင့်ရဲဘော်များ စိတ်ဓာတ်ကျဆင်းခြင်းအား အပြစ်မမြင်စေလိုပါ))
လက်ရှိတွင် အေကေ-၂၃၀ စနစ်တပ်ဆင်ထားပုံ

ယခုအခါကျွန်တော်တို့မှာ တပ်ချုပ်ကြီးလည်းအသစ်ပြောင်းသွားပါပြီ၊ ယခင်အခါကစစ်ရေးမှုဝါဒအမှားများအား ယခုတပ်ချုပ်ကြီးမှယင်းအမှားများအား ပြုပြင်၍ ကြည်း၊ရေ၊လေအား မျှမျှတတပြိုင်တူတန်းတူ အဆင့်တိုးချဲ့၍မှန်ကန်သော ကာကွယ်ရေးမဟာဗျူဟာများ ချမှတ်ရန်ဆန္ဒပြုပါတယ်ခင်ဗျာ။

၅၅၆
(အားလုံးဘဲဝင်ရောက်ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..။)

No comments:

Post a Comment