Tuesday, September 27, 2011

ရုရှား၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်သစ်

ရုရှားနိုင်ငံဟာ မြန်နှုန်းမြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးကို တည်ဆောက်နေပြီ ဖြစ်ပါသည်။ အဆိုပါ ရဟတ်ယာဉ်ကို ရရှန်း ဟယ်လီကော်ပတာ ကုမ္ပဏီက ဒီဇိုင်းရေးဆွဲ ထားတာဖြစ်ပြီး တစ်နာရီကို ကီလိုမီတာ (၄၅၀)ကနေ (၅၀၀)အထိ ပျံသန်းနိုင်စွမ်း ရှိပါသည်။

လက်ရှိ ခေတ်ပေါ် ရဟတ်ယာဉ် အများစုရဲ့ အမြန်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ (၃၂၀) သာရှိ တာကြောင့် ဒီတိုက်ခိုက်ရေး ရဟတ်ယာဉ် အသစ်ရဲ့ အမြန်နှုန်း ဟာ အခြား ရဟတ်ယာဉ်တွေထက် သာလွန်မှာဖြစ်ကြောင်း ရော့စ် တက်ခ်နော်လော်ဂျီ စတိတ် ကော်ပိုရေးရှင်း ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားသွားခဲ့ ပါသည်။

aရာ့စ်တက်ခ်နော်လော်ဂျီ စတိတ် ကော်ပိုရေးရှင်း ဟာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ဆောက်လုပ်ရေး စီမံကိန်းအတွက် ရူဘယ်လ်ငွေ ဘီလီယံများစွာ အကုန်အကျခံ စီစဉ်နေတာ ဖြစ်ပါသည်။ ဒါ့အပြင် ရော့စ်တက်ခ်နော်လော်ဂျီ ဟာ နိုင်ငံရဲ့ လေယာဉ် ထုတ်လုပ်ရေး ကဏ္ဍအတွက် (၂၀၁၁)ကနေ (၂၀၂၀)ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ(၃၃) ဘီလီယံခန့် သုံးစွဲသွားမှာ ဖြစ်တယ်လို့ သိရပါသည်။

mrtv-4 မှ ကူးယူဖော်ပြထားပါသည်။

No comments:

Post a Comment