Saturday, September 17, 2011

အမျိုးအစား-၈၀၊၈၈ ပင်မတိုက်ပွဲဝင်တင့်ကား


အမျိုးအစား-၈၀၊၈၈ ပင်မတိုက်ပွဲဝင်တင့်ကားကို နော်ရင်ကို စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းမှ ၁၉၈၀ ခုနှစ်တွင်ထုတ်လုပ်ခဲ့ပါသည်။အမျိုးအစား-၆၉ ပင်မတိုက်ပွဲဝင်တင့်များပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။
အမျိုးအစား-၈၀ တင့်ကားပေါ်တွင် အယ်လ်၇၊အမ်၆၈ ၁၀၅မမ ပြောင်းတပ်ဆင်ထားပါသည်။နေတိုးစံရှိသည့် မည်သည့် ၁၀၅မမ ကျည်အမျိုးစားကို မဆိုအသုံးပြုနိုင်ပါသည်။

လေယာဉ်ပစ် စက်သေနတ်အတွက် ၁၂.၇မမ လေယာဉ်ပစ် စက်သေနတ်ကို အသုံးပြုပြီး ၇.၆၂မမ စက်သေနတ်ကိုလည်း တပ်ဆင်ထားပါသည်။

တင့်ကား၏ တပ်ဖွဲ့ဝင်များမှာ ၄ယောက်ရှိပြီး အမိန့်ပေးသူ၊အမြောက်ပစ်ခတ်သူ၊ကျည်ဖြည့်သူ နှင့် ယာဉ်မောင်းတို့ဖြစ်ပါသည်။

အမျိုးအစား-၈၀ ပင်မတိုက်ပွဲဝင်တင့်ကားတွင် ၁၂၁၅၀အယ်လ်-၇ဘီဒဗယူ ဒီဇယ်အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ ၇၃၀ ရှိပါသည်။

အမျိုးအစား-၈၀၊၈၈ ပင်မတိုက်ပွဲဝင်တင့်ကားများ

အလွန်အားကောင်းပြီး ခေတ်မှီ တင့်ကားတိုက်ပွဲများ အတွက် အသုံးဝင်မည်ဟု ဥရောပနိုင်ငံများမှ အတည့်အမှတ်ပြုထားခြင်းခံရသော အဆိုပါတင့်ကားများသည် ပစ်ခတ်မှုစနစ်နှင့် တင့်၏ကာကွယ်ရေးစနစ်ကို အဆင့်မြင့်တင်မှု ပြုလုပ်ထားသည်ဟုဆိုသည်။ယခုတင့်ကားအား အမျိုးအစား-၈၀ သို့မဟုတ် ၈၈ ဟုလည်းခေါ်ကြသည်။

အမျိုးအစား-၈၀၊၈၈ ပင်မတိုက်ပွဲဝင်တင့်ကား

တင့်ကား၏ စနစ်များ

တန်ချိန်.......၃၈တန်

ပင်မအမြောက်ပြောင်း.......၁၀၅မမ...........ကျည်..၄၄တောင့်

စက်သေနတ်.........၇.၆၂မမ....ကျည်........၂၂၅၀တောင့်

လေယာဉ်ပစ်စက်သေနတ်......၁၂.၇မမ......၅၀၀တောင့်

စစ်ဆင်မှု အကွာအဝေး......၄၃၀ကီလိုမီတာ

အမြန်နှုန်း.............တစ်နာရီတွင် ၆၀ ကီလိုမီတာ တို့ဖြစ်ပါသည်။

မြန်မာ့တပ်မတော်တွင် အစီးရေ ၂၀၀မှ ၂၅၀ အတွင်းရှိသည်ဟုသိရပါသည်။တရုပ်တပ်တွင် အစီးရေ ၅၀၀ရှိသည်။


No comments:

Post a Comment