Thursday, November 3, 2011

Car Nicobar Class FACs & Myanmar Navy FACs


စစ်ရေယာဉ်၏ အချက်အလက်အချို့
တန်ချိန်.....၂၈၈တန်(တန်ချိန်ပြည့်..၃၂၅တန်)

အကျယ်အဝန်း....၄၈.၉၀ မီတာ

အမြန်ဆုံးနှုန်း.... ၃၅နှော့စ် (ရေမိုင်)

စစ်သည်......၃၉ယောက်

ပင်မလက်နက်စနစ်... CRN-91 ၃၀မမ ရေတပ်သုံး အမြောက်စနစ်၊စက်သေနတ်ကြီးများ၊စက်သေနတ်ကလေးများ၊ Igla မြေပြင်မှဝေဟင်ပစ်ဒုံးစနစ်များ တပ်ဆင်ထားပါသည်..။

စီအာအန်-၉၁ ၃၀မမ ရေတပ်စက်အမြောက်ကိုတွေ့ရစဉ်

စီအာအန်-၉၁ ၃၀မမ ရေတပ်သုံးအမြောက် (ဘီအမ်ပီ-၂ သံချပ်ကာယာဉ်၏ ပင်မအမြောက်စနစ်)

အန္ဒိယနိုင်ငံရေတပ်အတွက် ၂၀၀၇ခုနှစ်တွင် GRSE (Garden Reach Shipbuilders and Engineers) က ဒီဇိုင်းထုတ်ခဲ့ပြီး ထိုနှစ်တွင်ပင်ထုတ်လုပ်မှု စတင်ခဲ့သည် ၂၀၀၉ခုနှစ်တွင် ပထမဆုံးသော စစ်ရေယာဉ်၂စင်းကို တပ်တော်ဝင်လုပ်နိုင်ခဲ့သည်။ယခုအချိန်တွင် အစီးရေ ၁၀စင်းမြောက်ကို ၂၀၁၁ခုနှစ် အတွင်းတွင် လက်ခံရရှိခဲ့ပါသည်။စစ်ရေယာဉ်များ၏ အမည်များကို အန္ဒိယ၏ ကျွှန်းနာမည်များပေးထားပါသည်။ကင်းလှည့်ရေယာဉ်များအဖြစ်သာ အဓိကအသုံးပြုသည်ဟုသိရပါတယ် မြန်မာ့တပ်မတော်ရေထုတ် ၅စီးရီးများနှင့် ဒီဇိုင်းခပ်ဆင်ဆင်ပင်ဖြစ်ပြီး တပ်ဆင်ထားသော ပင်မလက်နက်စနစ်မှာလည်း ၅၅၉ အမြန်တိုက်ခိုက်ရေးယာဉ်တွင် တပ်ဆင်ထားသည့် စနစ်ပင်ဖြစ်ပြီး မြန်မာ့ရေတပ်အတွက် အန္ဒိယမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။ကွာခြားချက်တစ်ခုကတော့ အန္ဒိယစစ်သင်္ဘောပေါ်တွင် မြေပြင်မှဝေဟင်ပစ်ဒုံးစနစ် တပ်ဆင်ထားခြင်းပင်ဖြစ်ပါသည်။

ရေတပ် အမြန်တိုက်ခိုက်ရေးယာဉ် ၅၅၉ပေါ်တွင်တွေ့ရသော စီအာအန်-၉၁ ၃၀မမ ရေတပ်သုံးအမြောက်စနစ်

ကိုfulcrum ကို အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ..။

BMP-2 သံချပ်ကာယာဉ်၏ ၃၀မမ အမြောက်စနစ်

No comments:

Post a Comment