Monday, December 5, 2011

မြန်မာ့ရေတပ် စစ်ရေယာဉ်များ


စစ်ရေယာဉ် အင်းတော် (၅၅)ပေါ်တွင် အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေးယာဉ် ဆင်းသက်နေစဉ်ဖြစ်သည်။

စစ်ရေယာဉ် အင်းယား (၅၇) ကင်းလှည့်တိုက်ရေယာဉ် ဖြစ်ပါသည်။

အင်း အမျိုးအစား စစ်ရေယာဉ်များ
စစ်ရေယာဉ်အမျိုးအစား..... ကင်းလှည့်စစ်ရေယာဉ်ကြီး
တန်ချိန်......၅၀၅ တန်ချိန်ပြည့်
အကျယ်အဝန်း.....၄၉.၉၅ x ၁၀.၅ x ၂.၇၅ မီတာ (၁၆၃.၉ x၃၄ x ၉ ပေ)
ရေယာဉ်၏ အမြန်နှုန်း.....၂၀ နှောစ့် (ရေမိုင်)
စစ်သည်....၂၀ဦး
တပ်ဆင်လက်နက်များ..... ၁x၄၀မမ ၊ ၂x၂၀မမ စက်သေနတ်များတပ်ဆင်ထားပါသည်။
ထုတ်လုပ်သည့်နိုင်ငံ....ဒင်မတ်နိုင်ငံ
တာဝန်ထမ်းဆောင်သည့်ခုနှစ်.....၁၉၈၀ ခုနှစ်မှစတင်၍ ယခုအချိန်ထိ..
စစ်ရေယာဉ်အရေအတွက်.... ၃စင်း (၅၅ အင်းတော်၊၅၆ အင်းမ၊ ၅၇ အင်းယား)

ဟောင်ဇင် (အမျိုးအစား-၀၃၇-အိုင်ဂျီ) ဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ်



ဟောင်ဇင် ဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ်
စစ်ရေယာဉ်အမျိုးအစား..... ဒုံးတပ်အမြန်တိုက်ခိုက်ရေးယာဉ်
တန်ချိန်....၄၇၈တန်ချိန်ပြည့်
အကျယ်အဝန်း......၆၂ x ၇.၂ x ၂.၂၄ မီတာ (၂၀၃.၄ x ၂၃.၆ x ၇.၃ ပေ)
ရေယာဉ်၏ အမြန်နှုန်း.... ၃၂ နှောစ့် (ရေမိုင်)
စစ်သည်....

ပင်မ လက်နက်များ..... ၂ x အမျိုးအစား-၇၆အေ ပူးတွဲ ၃၇မမ လေယာဉ်ပစ် အမြောက်
အမြောက်၏ ကျည်ထွက်နှုန်း...... ၁ မိနစ်တွင် ကျည် ၄၀၀နှုန်းထွက်သည်
ထိရောက်မှု အကွာအဝေး... ၉.၄ ကီလိုမီတာ (လေကြောင်းပစ်မှတ်များအတွက်)
အမြောက်၏ ပစ်မှတ်ပြရေဒါစနစ်....အမျိုးအစား...၃၄၇ဂျီ (နေတိုးအခေါ် Rice Lamp)

ဒုတိယ လက်နက်များ.... ၂ x ပူးတွဲ ၁၄.၅မမ လေယာဉ်ပစ် စက်သေနတ်ကြီး

သင်္ဘောဖျက်ဒုံး..... ၄ x စီ-၈၀၁ ( ၄၀- ၈၀ ကီလိုမီတာ ရောက်သည်)
ဒုံး၏ ပစ်မှတ်ပြရေဒါစနစ်..... အမျိုးအစား-၃၅၂အီး (နေတိုးအခေါ် Square Tie)

No comments:

Post a Comment