Thursday, February 16, 2012

တပ်မတော်ရေ၏ စစ်ရေယာဉ်ဖြည့်တင်းမှုများ

၅၅၄ အမြန်တိုက်ခိုက်ရေးယာဉ်

















အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ် ၅၅၄ နှင့် ၅၆၅ စစ်ရေယာဉ်များ
 











(အရင်က ကျွှန်တော်ပေါ့ဆမှုကြောင့် ၅၅၅ စစ်ရေယာဉ်ထင်ခဲ့တာပါခင်ဗျာ... ကိုဗညားပြန်ပြောလို့ သိရတာက ၅၆၅ စစ်ရေယာဉ်ပါ အသစ်တွေထဲကလို့ သိရပါတယ်....)

အမြန်တိုက်ခိုက်ရေးယာဉ်များမှာလည်း တာတိုပစ်ပုခုံးထမ်းဒုံး SA-16/18 ဒုံးတွေကို ၄လက် (၁ဖက် ၂လုံးဆီ)တပ်ဆင်ထားမယ်ဆိုရင် အခုလက်ရှိအသုံးပြုနေတဲ့ လေယာဉ်ပစ်စစ်အမြောက်များရဲ့ ထိရောက်မှုထက် သိသိသာသာစွမ်းရည်ထက်မြက်လာမှာ ဖြစ်ပါတယ်...။

စစ်ရေယာဉ်များအနေနှင့် ကိုယ်ထည်ကြီးတွေထက် သေးသေးနှင့်ထက်ထက် (သင်္ဘောဖျက်ဒုံး ၄စင်း) ဖြစ်တဲ့စစ်ရေယာဉ်တွေ တိုးချဲ့မယ်လို့ မျှော်လင့်ရပါတယ်...။ ဒီ့ပြင်မကြာခင်မှာ ထွက်ပေါ်လာတော့မယ် ရေဒါဖျောက် ဖျက်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းကိစ္စကလည်း မြန်မာ့ရေတပ်အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်...။ နိုင်ငံခြားကနည်းပညာယူပြီး တည်ဆောက်နေတဲ့စစ်ရေယာဉ်သစ်ကြီးတွေကလည်း အကောင်အထည်ပေါ်လာတော့မယ်လို့ သိရပါတယ်....။ မြန်မာ့တပ်မတော်ရေတွင် ယခုလက်ရှိအချိန်၌ ဖရီးဂိတ် အောင်ဇေယျ၁စင်းတည်းသာရှိသော်လည်း မကြာတော့သော ကာလတွင် ဖရီးဂိတ် ၄စင်း-၅စင်း (တရုပ်မှ ၂စင်း) ရှိလာတော့မယ်ဖြစ်ပါသည်။ မြန်မာ့ရေတပ်အတွက် ဖရီးဂိတ်ပိုင်ဆိုင်ရေးစီမံချက်မှာ ၈စင်း ပိုင်ဆိုင်ရေးဖြစ်ပြီး ပြည်တွင်းဒီဇိုင်း ၆စင်း (အောင်ဇေယျ အပါအဝင်) တရုပ်မှ (၂စင်း) ဖြစ်သည်ဟုသိရပါသည်။ ပြည်တွင်းတွင်ထုတ်လုပ်သော စစ်ရေယာဉ်များပေါ်တွင်မူ အိန္ဒိယထုတ်၊ရုရှားထုတ် စစ်လက်နက်များ ပိုမိုပါဝင်လာမည်ဟု သိရပါသည်။

တရုပ်ရေတပ်၏ အမျိုးအစား-၀၅၃h ဖရီးဂိတ်စစ်ရေယာဉ်
 










မြန်မာ့ရေတပ်အတွက် ဝယ်ယူမည်လို့သိရတဲ့ ဒီပုံစံစစ်ရေယာဉ်တွေမှာ မူလတပ်ဆင်ထားတဲ့ သင်္ဘောဖျက်ဒုံးအစား စီ-၈၀၃ ရေပြင်မှရေပြင်ပစ်ဒုံး ၈စင်း အရှေ့အနောက် ၄လက်ဆီ တပ်ဆင်နိုင်ခဲ့မယ်ဆိုရင် ဒီစစ်ရေယာဉ်တွေရဲ့ အစွမ်းဟာ ဘင်္ဂလားရေတပ်ရဲ့ ဖရီးဂိတ်ထက် ပိုမိုအစွမ်းထက်လာမှာဖြစ်ပါတယ်...။
(ပုံတွေကို ပြန်ပြုင်ထားပါပြီခင်ဗျာ...)

No comments:

Post a Comment