Monday, May 14, 2012

အောင်ဇေယျ ဖရီးဂိတ်ပေါ်ရှိ AK-630 CIWSများ





















မြန်မာ့တပ်မတော် (ရေ) ရေတပ်သင်္ဘောကျင်းမှ တည်ဆောက်ခဲ့သော အောင်ဇေယျ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်ကြီးပေါ်တွင် ခေတ်မှီစစ်လက်နက်များတပ်ဆင်ထားရာ ရုရှားနိုင်ငံ၏ Kh-35E ကဲ့သို့သော ခေတ်မှီပဲ့ထိန်းဒုံးများ၊၇၆မမ Oto melara စသည့်စစ်ပစ္စည်းများအပြင် လေယာဉ်ပစ် စစ်အမြောက်စနစ် AK-630 CIWS စနစ်များလည်း တပ်ဆင်ထားပါသည်...။

AK-630 CIWS (Close-In Weapon System) စနစ်ကို အောင်ဇေယျစစ်ရေယာဉ်၏ အရှေ့ပိုင်းတွင် ၂လက် အနောက်ဘက်တွင် ၂လက်ဖြင့် နေရာချထားပါသည်။ အေကေ-၆၃၀ စနစ်များသည် ရန်သူ့တိုက်လေယာဉ်များ၊ရဟတ်ယာဉ်များ သာမက ပဲ့ထိန်းဒုံးများကိုပင် တိုက်ခိုက်ချေဖျက်နိုင်စွမ်းရှိအောင် တီထွင်ထုတ်လုပ်ထားခြင်းဟု သိရပါသည်။

စစ်ရေယာဉ်၏ ဦးပိုင်းတွင် တပ်ဆင်ထားသော AK-630 30mm CIWS



















စစ်ရေယာဉ်၏ နောက်ဘက်ပိုင်းတွင် တပ်ဆင်ထားသော AK-630 30mm CIWS






































အောင်ဇေယျ ဖရီးဂိတ်စစ်ရေယာဉ်ပေါ်မှ စမ်းသပ်ပစ်ခတ်နေစဉ်

 






































မြန်မာ့တပ်မတော် (ရေ) အတွက် စစ်ရေယာဉ်များ ၊ ဖရီးဂိတ်အသစ်များကို တည်ဆောက်နေသည်ဟု သိရရာ မကြာသေးခင်က တပ်တော်ဝင် သည့် စစ်ရေယာဉ်များ၏ အမျိုးအစားများကို သေချာမသိရသေးပါ... ဖြစ်နိုင်သည်မှာ တရုပ်ရေတပ်မှ ဝယ်ယူထားသည့် ဖရီးဂိတ်စစ်ရေယာဉ် (၂) စင်းနှင့် တပ်မတော် (ရေ) ရေတပ်သင်္ဘောကျင်းထုတ် စစ်ရေယာဉ်အသစ်များဖြစ်နိုင်ပါသည်။ ရေတပ်အတွက် ကိုယ်ဖျောက်စစ်ရေယာဉ်များကိုလည်း ထုတ်လုပ်နေဆဲဖြစ်သည်ဟု သိရပါသည်။ (အချက်လက်များ သိတဲ့သူတွေရှိရင်လည်း ပြောပြကြပါဦးခင်ဗျာ....။)

4 comments:

  1. အောင်ဇေယျဖရီးဂိတ်မှာတပ်ထားတဲ့လေကြောင်းကာကွယ်ရေးဒုံးစနစ်ကိုသိတဲ့သူတွေပြောပါဦးဗျာ။တလောကမြ၀တီမှာအောင်ဇေယျရဲ့လေကြောင်းကာကွယ်ရေးဒုံးစမ်းသပ်တာကိုပြသွားတယ်။အောင်ဇေယျသင်္ဘောအရှေ့ပိုင်းကနေပစ်လွတ်လိုက်ပြီးအောင်ဇေယျဆီဦးတည်လာနေတဲ့အခြားဒုံးပျံတစ်စင်းကိုကြားဖြတ်ဟန့်တားလိုက်တာကိုတွေ့ရတယ်ဗျ။အောင်ဇေယျဖရီးဂိတ်မှာတပ်ထားတဲ့လေကြောင်းကာကွယ်ရေးဒုံးစနစ်ကလေယာဉ်တွေလောက်ပဲပစ်ချနိုင်တယ်ထင်နေတာဒုံးကိုပါကြားဖြတ်ဟန့်တားနိုင်တာတွေရတော့အတော်ကိုအံသြမံသလိုဂုဏ်လဲယူမိတယ်ဗျာ။

    ReplyDelete
  2. I have read the following news from one source.

    UMS Aung Zeya and other warships.
    Burma's first frigate Aung Zeya has been launched ceremoniously by Vice-Senior General Maung Aye but was soon found out that its design washighly flawed and risky in high seas, prompting the regime to hastily order three frigates from China. Aung Zeya was built jointly by Burma and North Korea. North Korea has armed the frigates with its missiles, and the naval exercise was to test the efficacy of North Korean missiles and to prepare for war with Thailand. Col. Moe Aung is currently the Tactical FleetCommander of those frigates.

    Could someone please let me know that the design flaw was true or false. Thanks.

    ReplyDelete
  3. အောင်ဇေယျမှာ ဒုံးခွင်းဒုံး၊ တိုက်ချင်းပစ်ဒုံး ၊ ရေငုပ်သင်္ဘော ပစ်မလွဲဒုံး၊ လေယာဉ်မှန်သမျှ ပစ်မလွဲ အမြောက်တွေ ၊ ဘယ်ရန်သူလာလာ မိုင် ၁၀၀ လောက်က သိနိုင်တဲ့ စနစ်တွေ တပ်ဆင်ထားတယ်၊ အမေရိကန်သင်္ဘောတွေ တောင် ကြောက်တယ်လို့ပြောတယ်၊ တရုတ် နဲ့ မြောက်ကိုးရီးယား က သူတို့ ကို အောင်ဇေယျ လိုမျိုး သင်္ဘော ဆောက်ပေးဖို့ စာချုပ်ပေးဖို့ အတင်းကမ်းလှမ်းနေကြတယ်၊ ရေ ချုပ် ကြီးကတော့ ရေတပ်ရဲ့ နည်းပညာတွေ မပေးနိုင်ဘူးပြောတာပဲ..

    ReplyDelete
  4. 76mm က ဖရီးဂိတ်နဲ့သိပ်မကိုက်ဘူးဗျ။ကော်ဗက်လောက်မှာတပ်တာဘဲကောင်းတယ်။

    ReplyDelete