Monday, June 18, 2012

တပ်မတော် (လေ)ရှိ စစ်သုံးယာဉ်ကြီးများ

မြန်မာ့တပ်မတော် (လေ)သည် တိုက်ခိုက်ရေး စွမ်းရည်တိုးတက်မြှင့်မှားလာစေရန် ရည်ရွှယ်၍ လေသူရဲများအနေဖြင့် လေ့ကျင့်မှုများ အမြဲပြုလုပ်သည်ဟု သိရရာ မြန်မာ့ဝေဟင်အား ကာကွယ်ပေးမည့် တပ်ဖွဲ့ကြီးတစ်ခုအနေဖြင့် ဂုဏ်ယူမိပါသည်။

တပ်မတော် (လေ)မှ လေယာဉ်ကြီးများအပြင် စစ်ရဟတ်ယာဉ်များသည်လည်း ကာကွယ်ရေးဆိုင်ရာ တာဝန်များကိုသာမက ဒုက္ခရောက်ပြည်သူများအား ကယ်ဆယ်ရေးတာဝန်ထမ်းဆောင်မှု ၊ အစားအသောက်အတွက် ရိက္ခာများသယ်ယူ ပို့ဆောင်ပေးမှုစသည့် တာဝန်ကြီးများကို ထမ်းဆောင်နေကြပါသည်။

စစ်ရေးဆိုင်ရာ လေ့ကျင့်မှု တစ်ခုအတွင်းက အမ်အိုင်-၁၇ ရဟတ်ယာဉ်များ

ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် အမ်အိုင်-၁၇ ရဟတ်ယာဉ်များ

တပ်မတော် (လေ)မှ စစ်ရဟတ်ယာဉ်လေယာဉ်များနည်းတူ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးများ ဖြစ်သော ဝိုင်-၈ဒီ လေယာဉ်ကြီးများသည်လည်း အလွန်အရေးပါပေရာ တပ်မတော်မှ ထိုးဖောက်စစ်သည်များအား ရန်သူ့နယ်မြေအတွင်း ချပေးခြင်း၊ရှေ့တန်းတပ်စခန်းများအနီးတွင် ချပေးခြင်းစသည့် ကာကွယ်ရေးဆိုင်ရာ တာဝန်များအပြင် မြန်မာပြည်တစ်ဝှမ်းရှိ လိုအပ်သည့်နေရာများတွင် လိုအပ်သည့် ရိက္ခာ၊ထောက်ပံ့ရေးဆိုင်ရာ ပစ္စည်းများ သွားရောက်သယ်ယူပို့ဆောင်ပေးခြင်းစသည့် အရေးကြီးတာဝန်များအား ထမ်းဆောင်နေကြပါသည်။

မင်္ဂလာဒုံလေတပ်စခန်း ဌါနချုပ်တွင်တွေ့ရသည့် လေယာဉ်ကြီး

ရခိုင်ပြည်နယ်အတွင်းတွင် တွေ့ရသည့် လေယာဉ်ကြီး

တပ်မတော် (လေ)၏ မြေပြင်ပစ်ကူပေးတိုက်လေယာဉ်အမျိုးအစားတစ်ခုဖြစ်သည့် အေ-၅စီ တိုက်လေယာဉ်ဖြစ်ပါသည်။ အဆိုပါတရုပ်မှဝယ်ယူထားသည့် တိုက်လေယာဉ်များအား ပိုမိုအဆင့်မြှင့်သည့် JH-7 တိုက်လေယာဉ်များဖြင့် အစားထိုးပြောင်းလဲတပ်ဆင်မည်ဟု သိရပါသည်။

မြန်မာ့ဝေဟင်အား ကျုးကျော်လာသည့် မည်သည့်ရန်သူမျိုးကိုမဆို တုံ့ပြန်တိုက်ခိုက်ချေမှုန်းပေးမည့် တပ်မတော် (လေ)မှ အမ်အိုင်ဂျီ-၂၉ (မစ်-၂၉) တိုက်လေယာဉ်များ ဖြစ်ပါသည်။ အသစ်ရောက်ရှိလာသည့် တိုက်လေယာဉ်အသစ်များဖြစ်ပါသည်။

(အခုတလော သတင်းအမျိုးမျိုးကြားနေရပါတယ်ခင်ဗျာ... ဘာဘဲဖြစ်ဖြစ်အဆင်ပြေတိုင်းပိုစ့်တင်ပေးပါမယ်... ရေတပ်သုံး sonar တွေအကြောင်းက မေးထားပါသည် သေချာတဲ့အချက်တွေရလာရင် တင်ပေးပါ့မယ်... အားလုံးကျေးဇူးပါ...)

1 comment:

  1. လယ်ထွန်စက်နဲံ့ တိုက်လေယဉ်ကိုဆွဲနေတာကြည်ရတာမကောင်းပါဘုးဗျာ

    မြန်မာပြည်မှာလေယဉ်ဆွဲတဲ့ကားမရှိဘူးလား

    ReplyDelete