Thursday, November 15, 2012

အိန္ဒိယတပ်မတော်ထုတ် ARJUN ပင်မတိုက်ပွဲဝင်တင့်ကား

(Myanmar Armour Coprs မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်...။)


ဒီတခါတော့ အကောင်းဆုံးတင့် (ပင်မတိုက်ပွဲဝင်တင့်) ၁၀မျိုး အကြောင်းတင်ဆက်ပါရစေ။ ပထမဆုံး နံပါတ်(၁၀) နေရာက ရပ်တည်နေတဲ့ INDIA တပ်မတော်က ARJUN တင့်ပါ-

ARJUN MAIN BATTLE TANK



အထွေထွေအချက်အလက်များ
တိုက်ပွဲဝင်အလေးချိန်- ၅၈.၅တန်။
တိုက်ယာဉ်အဖွဲ့သား- ၄ဦး( တိုက်ယာဉ်မှူး၊ ယာဉ်မောင်း၊အမြောက်ပစ်၊ကျည်ထိုး)
အဓိကလက်နက်- ၁၂၀မမ ပြောင်းရစ်ပါ တင့် အမြောက် (ဂျာမဏီ REHIMETALL)
ခဲယမ်း- LAHAT တင့်ဖျက်ပဲ့ထိန်းဒုံး၊ HEAT (တင့်ဖျက်ခွင်းကျည်)၊ APSFDS( ဒလက်ထိန်းသံချပ်ဖောက်ခွင်းကျည်)၊ HESH(ခေါင်းပြားခွင်းကျည်)
ယှဉ်တွဲလက်နက်- ၇.၆၂မမ  TK-715 စက်သေနတ်
လေယာဉ်ပစ်စက်သေနတ်- ၁၂.၇ မမ ပုံစံ-၈၅ (CHINA)
အင်ဂျင်- MTU-838 ka-501 MARCEDEZ Diesel(မြင်းကောင်ရေ ၁၄၀၀အား)
အဝေးဆုံးတိုက်ပွဲဝင်အကွာအဝေး(ဆီ ၁ကြိမ်ဖြည့်ပြီးလျင်)-၄၅၀ ကီလိုမီတာ
အမြန်ဆုံးမောင်းနှင်နိုင်မှု(၁နာရီ)- ၇၅ကီလိုမီတာ(လမ်းချော)၊ ၄၅ကီလိုမီတာ(လမ်းကြမ်း)


အိန္ဒိယတပ်မတော်သုံး တီ-၇၂အမ် ပင်မတိုက်ပွဲဝင်တင့်ကား


သမိုင်းကြောင်း

INDIA တပ်မတော်သည်လွတ်လပ်ရေးရရှိချိန်(၁၉၄၉)မှစတင် ကာ စစ်ကျန်တင့်များဖြစ်သောဖြစ်သော ရှားမင်းတင့်များအားပင်မတိုက်ပွဲဝင်တင့်အဖြစ်အသုံးပြုခဲ့ရာမှ ၁၉၆၇ INDIA-PAKISTAN စစ်ပွဲပီးဆုံးချိန်မှစတင် ကာ ခေတ်မီ တိုက်ပွဲတင့် များမရှိမဖြစ်လိုအပ်လာကြောင်း သဘောပေါက်ခဲ့သဖြင့် ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေးကြိုးပမ်းခဲ့ကြရာ ၁၉၇၀တွင် ဗြိတိန်နိုင်ငံထုတ် CENTURION တင့် အားအခြေခံကာ VAJARANTA တင့်များထုတ်လုပ်ခဲ့ပြီး ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။

VAJARANTAတင့် အစီးရေ(၁၂၀၀)ခန့် INDIA တပ်မတော်တွင်အသုံးပြုခဲ့သည်.။ ၁၉၉၀ပြည့်လွန်နှစ်များတွင် VAJARANTAတင့်များမှာ များစွာခေတ်နောက်ကျကျန်ခဲ့သဖြင့် RUSSIA မှT-72 M တင့် အစီးရေ (၈၀၀)ခန့်ဖြင့်အစားထိုးသုံးစွဲခဲ့သည် T-72M တင့်များ အားနိုင်ငံအတွင်းထုတ်လုပ်တပ်ဆင်ခဲ့ပြီး AJAYA ဟု အမည်သတ်မှတ်သုံးစွဲခဲ့သည်။

သို့သော်လည်း ကိုယ်ပိုင် ဒီဇိုင်း ဖြင့် တင့်၁စီးထုတ်လုပိရန် အာသီသပြင်းထန်ခဲ့သော နိုင်ငံ့ခေါင်းဆောင်များသည် ၁၉၉၆ခုနှစ်မှစတင်ကာ စမ်းသပ်ရှေ့ပြေးပုံစံများထုတ်လုပ်ရန် CVDE DRDO ကုပဏီအားအလုပ်အပ်နှံခဲ့ရာ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင်အမေရိကန်ဒေါ်လာ ၄၇၁သန်း တန်ဖိုးရှိ တင့် ၁၂၄စီးအားစတင်မှာယူနိုင်ခဲ့သည်။၂၀၀၄ခုနှစ်တွင် ပထမအသုတ် ၄၅စီးစတင်အသုံးပြုခဲ့ပြီး ၊ ၂၀၁၀ပြည့်နှစ်တွင် ၂၄၀စီး အသုံးပြုလျက်ရှိသည် ။

Arjun ပင်မတိုက်ပွဲဝင်တင့်ကား



သုံးသပ်ချက်

အရှေ့အုပ်စုတင့်များအားအများဆုံး အသုံးပြုခဲ့သောINDIA နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ်ကိုယ်ပိုင်ပုံစံတင့်အားထုတ်လုပ်နိုင်ခဲ့သည်။
 ကိုယ်ပိုင်ပုံစံဟု ဟစ်ကြွေးခဲ့သော်လည်း တင့် ဒီဇိုင်းမှာ ပြင်သစ် LECLARC နှင့် ဂျာမဏီ LEOPARD တင့်များအား မှီငြိမ်းထားကြောင်းထင်ရှားသည်။

ပြင်သစ်တပ်မတော်၏ Leclarc ပင်မတိုက်ပွဲဝင်တင့်ကား

 ဂျာမဏီတပ်မတော်၏ Leopard ပင်မတိုက်ပွဲဝင်တင့်ကား

 လက်နက်စနစ်တွင် နေတိုးစံ ၁၂၀မမ ပြောင်းရစ်အမြောက်ကို အသုံးပြုထားပြီး ပြောင်းရစ်အမြောက် မှ တင့်ဖျက်ပဲ့ထိန်းဒုံး ပစ်ခတ်နိုင်ရန် ပြုလုပ်ထားသဖြင့် နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများကာ လက်နက်စွမ်းရည်များစွာထိခိုက်နိုင်ပါသည်။ လေယာဉ်ပစ်စက်သေနတ်ပိုင်းတွင် CHINA TYPE-85 AA GUN အသုံးပြုထားကာအင်ဂျင်နှင့် အားပြောင်းပိုင်း တွင်ဂျာမဏီ MARCEDEZ ကိုအသုံးပြုထားသဖြင့် ပြည်ပအမှီအခို မကင်းကြောင်းတွေ့ရှိရပါသည်။

အိန္ဒိယတပ်မတော်သုံး တီ-၉၀အက်စ် ပင်မတိုက်ပွဲဝင်တင့်ကား

 INDIA တို့သည် အာရှဒေသ၏ အကောင်းဆုံးတင့်အဖြစ် ကြွေးကြော်သော်လည်း JAPAN TYPE -90 နှင့် KOREA K-1 တို့နှင့်ယှဉ်ပြိုင်နိုင်ရန် လိုအပ်ချက်များစွာရှိနေသေးပေသည်။ထိုအချက်အား လက်ရှိ INDIA တပ်မတော်မှ RUSSIA URAL T-90 S တင့်မြောက်များစွာအသုံးပြုနေသည့် အနေအထားအား သုံးသပ်လျင်ပင် ကိုယ်ပိုင်ထုတ်လုပ်သည့် တင့် အား ယုံကြည်မှုအတိုင်းအတာအားတွေ့ရှိနိုင်သည်။

 ဂျပန်တပ်မတော်သုံး ပုံစံ-၁၀ ပင်မတိုက်ပွဲဝင်တင့်ကား

တောင်ကိုးရီးယားတပ်မတော်သုံး ကေ-၁အေ-၁ ပင်မတိုက်ပွဲဝင်တင့်ကား

မည်သို့ပင်ဖြစ်စေ ARJUN တင့်သည် WORLD TOP TEN TANKS စာရင်းဝင်တင့်အဖြစ်ရပ်တည်နေနိုင်ပါသည်။ထိုတင့် အစီးရေ ၂၄၀ အား အမှတ်(၇၅)တင့်တပ်ရင်းကြီး၊ အမှတ်(၄၅)တင့်တပ်ရင်းကြီးနှင့် ဒိုဂရာမြင်းတပ်များတွင်လက်ရှိအသုံးပြုလျက်ရှိပါသည်။

No comments:

Post a Comment