Thursday, June 6, 2013

မြန်မာ့တပ်မတော် (လေ)၏ လေယာဉ်၊ရဟတ်ယာဉ်များ တပ်တော်ဝင်

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတကာစစ်တပ်များနည်းတူ ခေတ်မှီတပ်မတော်တစ်ရပ် ဖြစ်ပေါ်စေရန်
ဆောင်ရွှက်လျက်ရှိသည်ကို အားလုံးအသိဖြစ်ပါသည်....။

မြန်မာ့တပ်မတော် (လေ) MiG-29 ဘက်စုံသုံးတိုက်လေယာဉ်များ
ခေတ်မှီတပ်မတော်တစ်ရပ် ဖြစ်နေစေရန်အတွက်လည်း လိုအပ်ချက်များအရ ခေတ်မှီလက်နက်စနစ်များ တပ်ဆင်လျက်ရှိပါသည်...။ ထိုသို့အင်းအားဖြည့် တပ်ဆင်မှုများအရ အခုနောက်ဆုံးကြားသိရသည့် သတင်းများအရ တပ်မတော် (လေ)သည် စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်များ၊အမောင်းသင်ရဟတ်ယာဉ်များနှင့် VIP ခရီးစဉ်များတွင် အသုံးပြုရန်အတွက် ရဟတ်ယာဉ်တစ်စီးအား ဝယ်ယူထားပြီဖြစ်ပါသည်....။

မြန်မာ့တပ်မတော် (လေ)၏ လေယာဉ်၊ရဟတ်ယာဉ်များ တပ်တော်ဝင်သည့်သတင်းကို အားလုံးဘဲသိပြီးဖြစ်ပါလိမ့်မယ်.... ဒါပင်မဲ့ ကျွှန်တော်ဆိုက်မှာမတင်ရသေးလို့ တင်ပေးလိုက်တဲ့သဘောဖြစ်ပါတယ်...။ အခုလ ၄ရက်နေ့မှာ ကျင်းပတဲ့ လေယာဉ်၊ရဟတ်ယာဉ်များ တပ်တော်ဝင်တဲ့ သတင်းကို ရုပ်မြင်သံကြားသတင်းတွေကနေ မြင်တွေ့ခွင့်ရလိုက်တော့ ကျွှန်တော်နည်းတူ အားလုံးဘဲ မည်သည့်အမျိုးအစား၊မည်သည့်စွမ်းဆောင်ရည်များပါဝင်မယ်ဆိုတာ စိတ်ဝင်စားမည်လို့ ယူဆရပါတယ်....။
Harbin Y-12 စစ်ဘက်သုံးအပေါ့စား သယ်ယူပို့ဆောင်ရေးလေယာဉ်

ပထမဆုံးကတော့ အပေါ့စားသယ်ပို့ယာဉ်ဖြစ်တဲ့ Harbin Y-12 အမည်ရှိ သယ်ပို့လေယာဉ်တွေဘဲဖြစ်ပါတယ်...။ Harbin Y-12 လေယာဉ်များကို တရုပ်နိုင်ငံမှာ လက်ခံရရှိခဲ့ပြီး အဆိုပါလေယာဉ်များပိုင်ဆိုင်လာမှုသည် တပ်မတော် (လေ)၏ လေကြောင်းချီတပ်(လေထီးတပ်ဖွဲ့) များအတွက်လည်း စွမ်းဆောင်ရည်တိုးတက်လာစေမည်ဟု ယူဆရပါသည်....။ အရပ်ဘက်သုံးနှင့် စစ်ဘက်သုံးလေယာဉ်များအဖြစ် ခွဲခြားသတ်မှတ်ထားပြီး လေတပ်ရှိ ဝိုင်-၁၂လေယာဉ်များသည် နည်းပညာမြှင့်စနစ်သစ်များအား ထပ်မံပေါင်းစပ်ထားပြီးဖြစ်သည်ဟု သိရပြီး အသေးစိတ်အချက်လက်များကိုမှု မသိရသေးပေ...။

မြန်မာ့တပ်မတော် (လေ) အပေါ့စား အမောင်းသင်ရဟတ်ယာဉ်များ
ထို့နောက်တွင်တော့ အပေါ့စားအမောင်းသင်ရဟတ်ယာဉ်များပင် ဖြစ်ပါသည်...။ ဘီလ်-၂၀၆ ရဟတ်ယာဉ်များကို တပ်မတော်အနေနှင့် ၁၉၇၈များက စတင်လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အပိုပစ္စည်းများရရှိမှု အခက်အခဲများကြောင့်ပျံသန်းမှုများ ရပ်ဆိုင်းခဲ့သည်ဟု သိရပြီး တပ်မတော်(လေ)မှ အင်ဂျင်နီယာများ၏ စွမ်းဆောင်ချက်များအရ ပြန်လည်ပြုပြင်နိုင်ခဲ့ပြီးဖြစ်ရာ တပ်မတော်(လေ)အနေဖြင့်သာမက မြန်မာနိုင်ငံအတွက်ပင် ဂုဏ်ယူဖွယ်ရာအဖြစ်မြင်တွေ့ရနိုင်ပါသည်....။ တပ်မတော် အင်ဂျင်နီယာနည်းပညာရှင်များ၏ အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ပါတော့သည်....။ မကြာမှီအချိန်များတွင်လည်း တပ်မတော်၏ လိုအပ်ချက်များကို ပြည်တွင်းတွင်ပင် ထုတ်လုပ်အောင်မြင်မှုများ ရရှိလာတော့မည်ဆိုသည်မှာ ယုံမှားဖွယ်ရာမရှိတော့ပါ....။

တပ်မတော် (လေ)ရှိ VIP ခရီးစဉ်သုံးရဟတ်ယာဉ်



VIP ခရီးစဉ်သုံး ရဟတ်ယာဉ်အတွင်းပိုင်း (နမူနာပုံ)

နောက်ဆုံးအနေနှင့်ကတော့ VIP ခရီးစဉ်သုံး ရဟတ်ယာဉ်ဘဲဖြစ်ပါတယ်....။ အဆိုပါရဟတ်ယာဉ်ကို ရုရှားနိုင်ငံမှ လက်ခံရရှိထားသည်ဟု ယူဆရပြီး VIP ခရီးစဉ်သုံး ရဟတ်ယာဉ်ဆိုသည့်အတိုင်းပင် အထူးမွမ်းမံထုတ်လုပ်ထားသည်ကို တွေ့ရပါသည်...။ ယခုတပ်တော်ဝင်သော အစီးနှင့်ဆိုပါက တပ်မတော်တွင် VIP ခရီစဉ်သုံးရဟတ်ယာဉ် ၂စင်းမှ၃စင်းအထိ ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု ခန့်မှန်းရပါသည်...။ Mi-17-2 အမျိုးအစားဟု သိရသောအဆိုပါရဟတ်ယာဉ်များကို ခေတ်မှီလေကြောင်းရန်ကာကွယ်ရေးစနစ်များပင် တပ်ဆင်ထားနိုင်သည်ဟု သိရပါသည်...။

တပ်မတော်၏ VIP ခရီးစဉ်သုံး ရဟတ်ယာဉ်များ



မြန်မာ့တပ်မတော် (လေ)၏ လေယာဉ်၊ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် တွေ့ရသည့် တပ်မတော် (လေ)မှ လေယာဉ်၊ရဟတ်ယာဉ်များ

MiG-29 ဘက်စုံသုံး တိုက်လေယာဉ်များ

Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်မှ စွမ်းဆောင်ရည်ပြသနေစဉ်

K-8 အမောင်းသင်လေယာဉ်များ၏ စွမ်းရည်ပြကွက်တစ်ခု


မြန်မာ့တပ်မတော် (လေ)နည်းတူ မကြာမှီအချိန်များတွင်လည်း တပ်မတော် (ရေ)မှ ကိုယ်ပျောက်နည်းပညာသုံး ပြည်တွင်းထုတ် ဒုံးတပ်ဖရီးဂိတ်စစ်ရေယာဉ် ကျန်စစ်သားသည်လည်းသည် တပ်တော်ဝင်အခမ်းအနားကျင်းပဦးမည်ဖြစ်ရာ ကျွှန်တော်နည်းတူ အားလုံးလည်း စိတ်ဝင်စားကြမည်ဟု ယူဆပါသည်....။ ကျန်စစ်သားစစ်ရေယာဉ်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ်ရာများလည်း ဖော်ပြပေးပါဦးမည်ခင်ဗျာ....။

ပုံများအား မြဝတီသတင်းဌါနမှ ရယူထားပါသည်...။

No comments:

Post a Comment