Wednesday, July 31, 2013

ဒုံးပျံတင်အမြန်သွား ရေယာဉ်ငယ်များ အပိုင်း-၁

(ဒုံးပျံတင်အမြန်သွား ရေယာဉ်ငယ်များအကြောင်း ဖော်ပြခွင့်ပြုသည့်အတွက်   ဆောင်းပါးရှင် ကိုဆန်းသစ်အား  အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ)

ကြည်း၊ရေ၊လေ တပ်များအနက်ရေတပ်၏ အဓိကရည်မှန်းချက်သည် ပင်လယ်ပြင်စိုးမိုးနိုင်ရေးပင်ဖြစ်သည်။ အဆိုပါရည်မှန်းချက် ပြီးမြောက်စေရန်ကြိုးပမ်းရာတွင် နိုင်ငံတိုင်းအလိုက် မိမိတို့၏ ကာကွယ်ရေးအသုံးစာရိတ် ဘောင်အတွင်းမှ အကောင်းဆုံးနည်းလမ်းများဖြင့် တတ်စွမ်းသမျှဆောင်ရွက်ကြရသည်ဖြစ်ပေသည်။ အင်အားကြီး နိုင်ငံများကဲ့သို့ ခေတ်မှီစစ်ရေယာဉ်ကြီးများ နှင့် ခေတ်မှီရေတပ်သုံးတိုက်ခိုက်ရေးလေယာဉ်များ မပိုင်ဆိုင်နိုင်သောရေတပ်ငယ်များအဖို့ မဟာဗျူဟာကျသောထွက်ပေါက်မှာ ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် များပင်ဖြစ်ပါသည်။ မိမိတို့မြန်မာနိုင်ငံသည်လည်း အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှု ဆိပ်ကမ်းကြီးများ ကမ်းလွန်သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲခြင်းများ ရှိလာမည်ဖြစ်ရာ မိမိတို့နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ဓနအင်အားနှင့်လိုက်ဖက်သော ရေတပ်အမျိုးအစားကို တည်ဆောက်ပြီး နိုင်ငံ၏ရေပြင်ပိုင်နက်နှင့် ပင်လယ်ပြင်စိုးမိုးရေးကိုကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ ပင်လယ်ပြင်စိုးမိုးရေးမဟာဗျူဟာ၏ အစိတ်အပိုင်းတွင်ပါဝင်သော ဒုံပျံတင်အမြန်သွားစစ်ရေယာဉ်များ ၏ အသုံးဝင်ပုံကို တင်ပြလိုက်ရပါသည်။ 

ဒုံးပျံတင် FACs များကို ရုရှသည် ၁၉၅၀ ပြည့်လွန်နှစ်များတွင် Komar (ခိုမာ)နှင့် Osar (အိုဆာ) အမျိုးအစား စစ်ရေယာဉ်ငယ်များတွင် ရေပြင်မှရေပြင်ပစ် ဒုံးပျံများတင်ဆောင်၍ ရေကြောင်းစစ်ဆင်ရေးများ တွင်စတင်အသုံးပြုခဲ့ကြသည်။ ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ်ငယ်များကို ရေကြောင်းစစ်ဆင်ရေးများတွင် အသုံးပြုလာခဲ့ရသည့် အကြောင်းအရင်းများကို ဆန်းစစ်ကြည့်မည်ဆိုပါက အဓိကအားဖြင့် အောက်ပါအချက် သုံးချက်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ၄င်းတို့ကို ခေါင်းစဉ်အလိုက်ရှင်းလင်းပြပါမည်။

Komar (ခိုမာ)အမျိုးအစား စစ်ရေယာဉ်ငယ်














(၁)ဒုံးပျံဆိုင်ရာနည်းပညာတိုးတက်လာမှုကြောင့် ရေယာဉ်ငယ်များပေါ်တွင်တင်ဆောင်အသုံးပြုလာနိုင်ခြင်း။။
စစ်ရေယာဉ်များပေါ်တွင် တပ်ဆင်အသုံးပြုသော အမြောက်များကို တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်အောင်တီထွင်ကြံဆခဲ့ကြရာ ထိရောက်စွာပစ်ခတ်နိုင်သော အကွာအဝေးသည် လည်းကောင်း၊ဖျက်စီးနိုင်သောစွမ်းအားသည်လည်းကောင်း၊ထိချက်တိကျမှန်ကန်ခြင်းသည်လည်းကောင်း၊ ပို၍ပို၍မြင့်မားလာကြပါသည်။ယင်းနောက် လေယာဉ်များသည် အမြောက်များထက် ပိုမိုခရီးရောက်ပြီး ဖျက်ဆီးချေမှုန်းနိုင်စွမ်းသည်လည်း ပိုမိုသာလွန်ကြောင်းတွေ့ရှိလာသောအခါ လေယာဉ်များနှင့် လေယာဉ်တင်သင်္ဘောများသည်ရေတပ်၏အဓိက လက်နက်တစ်ခုဖြစ်လာလေသည်။တစ်ဖန် ပဲ့ထိန်းဒုံးပျံနည်းပညာများ တီထွင်အသုံးပြုနိုင်လာသောအခါ ဒုံးပျံများသည် လေယာဉ်တင်သင်္ဘောမှ လေယာဉ်များနှင့်တန်းတူ အကွာအဝေးသို့ ရောက်ရှိနိုင်စွမ်း ရှိကြောင်းတွေ့ရှိရပြန်ပါသည်။ဤသို့ဖြင့် ကမ္ဘာပေါ်ရှိရေတပ်များသည် ဒုံးပျံများကို စစ်ရေယာဉ်များတွင် တပ်ဆင်အသုံးပြုလာခဲ့ကြရာတွင် ရေယာဉ်အရွယ်အစားပေါ်မူတည်၍ တန်၅၀မှ၅၀၀ကြားရှိရေယာဉ်များရေယာဉ်အသွားနှုန်း ၃၅မိုင်မှ မိုင်၅၀ ထိရှိသောရေယာဉ်များတွင်အကွာအဝေးမိုင် ၂၅မိုင်မှ မိုင်၆၀ ထိပစ်ခတ်နိုင်သော ဒုံးပျံများအား တပ်ဆင် အသုံးပြုလာနိုင်ကြပါသည်။

 Osar (အိုဆာ) အမျိုးအစား စစ်ရေယာဉ်ငယ်



(၂)ရေယာဉ်ကြီးများ၏ လေကြောင်းအန္တရယ် ပိုမိုစိုးရိမ်လာရမှု။။
လေတပ်၏ တိုက်စွမ်းရည်များ တိုးတက်လာမှုများ ဝေဟင်မှရေပြစ်ပစ် ဒုံးပျံများပေါ် ထွန်းလာမှုများ လေးလံနှေးကွေးပြီး ပစ်မှတ်အရွယ်အစားကြီးမားသဖြင့် ရန်သူ၏ပစ်ခတ်မှုခံရရန် လွယ်ကူသည့်အပြင် ထိခိုက်ခဲ့ပါက ပျက်ဆီးဆုံးရှုံးမှုပမာဏကြီးမားခြင်းတို့ကြောင့်ဖြစ်ပါသည်။

(၃)ရေယာဉ်ဆိုင်ရာကုန်ကျစရိတ်အလွန်သက်သာခြင်း။။
တည်ဆောက်မှုကုန်ကျစရိတ်သည် ခေတ်မှီ လေကြောင်းရန်ကာကွယ်ရေးစနစ်အပြည့် အစုံတပ်ဆင်၍ရသော ပဲ့ထိန်းဒုံးပျံတင်ရေယာဉ်ကြီးများထက် များထက်များစွာ သက်သာခြင်း။ ကိုင်တွယ်အသုံးပြုမည့်အရာရှိစစ်သည် အင်အားအများအပြားမလိုအပ်ခြင်း။အရွယ်အစားငယ်သော်လည်း ရေယာဉ်ကြီးများတွင်တပ်ဆင်နိုင်သည့်ဒုံးပျံများသည် ရေယာဉ်ငယ်များတွင်တပ်ဆင်နိုင်သည့် ဒုံပျံများနှင့် များစွာ ကွာခြားခြင်းမရှိခြင်း။ပြုပြင်ထိန်းသိမ်းစရိတ် သက်သာခြင်း။

အထက်ပါအချက်များကြောင့်ရေကြောင်းစစ်ဆင်ရေးများတွင် နိုင်ငံများစွာတို့မှရေတပ်မတော်များသည် စရိတ် ကုန်သက်သာပြီး စစ်ရေယာဉ်ကြီးများနည်းတူ တိုက်စစ်စွမ်းရည်ရှိသော ဒုံးပျံတင်အမြန်သွား စစ်ရေယာဉ်များ အားအသုံးပြုသည့်စစ်နည်းဗျူဟာကိုပြောင်းလဲကျင့်သုံးလာခဲ့ကြပါသည်။ဤသို့ဖြင့် မိမိတို့ မြန်မာနိုင်ငံကဲ့သို့ ကာကွယ်ရေးအသုံးစရိတ် ဖောသီစွာအသုံးမပြုနိုင်သော နိုင်ငံငယ်များအဖို့ မိမိတို့၏ရှည် လျှားလှသော ကမ်းရိုးတမ်းကိုကာကွယ်ရန် အတွက် ခေတ်မှီ ဒုံးပျံတင်အမြန်သွားစစ်ရေယာဉ်များကို ပိုမို တိုးတက်အောင် တီထွင်တည်ဆောက်ရင် ရေတပ်၏ရည်မှန်းချက်ဖြစ်သော ပင်လယ်ပြင် စိုးမိုးရေးကို မဟာဗျူဟာမြောက်စွာ အကောင်အထည်ဖော်သင့်ကြောင်းတင်ပြအပ်ပါသည်။ဆက်လက်တင်ပြပါဦးမည်။

(ဆန်းသစ်)
(မှီငြမ်းပြုစာစောင်)
စစ်ပညာဂျာနယ်
Google
(ဆက်လက်ဖော်ပြပေးပါဦးမည်....။ 

တပ်မတော်(ရေ)တွင် ရေငုပ်သင်္ဘောများ ပိုင်ဆိုင်လာတော့မည်လော.. အပိုင်း(၂)သည် အခက်အခဲတချို့ရှိနေသဖြင့် ချက်ချင်းမဖော်ပြပေးနိုင်မှုအား ခွင့်လွှတ်ပေးကြပါခင်ဗျာ... မကြာခင်ဖော်ပြပေးပါဦးမည်....။)

5 comments:

  1. ကိုmmရေ ဟိုတနေ့က အိန္ဒိယရေတပ်နဲ့တွေ့သတင်းနဲ့ အင်တာနက်သတင်း တခုမှာ ဘင်္ဂလားရေတပ်က မိုင်၉၀ကျော်ပစ်နိုင် ပေမဲ့ ကျွန်တော်တို့ရေ တပ်က မိုင်၃၀ကျော် ပဲပစ်နိုင်သေးလို့ သူတို့နား မကပ်နိုင် ဟု ရေတပ်အရာရှိပြောဟု ပါလာတာ တကယ်လားဗျာ ဘင်္ဂလားတောင်မရှင်နိုင်ဘူးလား ဒေါသဖြစ်မိတယ်တကယ်

    ReplyDelete
  2. မြန်မြန်လေးတော့တင်ပေးပါဦး။ကိုmmရေ

    ReplyDelete
  3. Correct me if I'm wrong. I read about both Komar and Osar in Burmese Military Journal (1988 issued). They both have problem with guns in high sea and they are not water proof. Also they need to use specially formulated engine oil and fuel, otherwise it will shorten the life of engines. Maintenance was higher than excepted.

    ReplyDelete
  4. Thank Ko MM အစ်ကို့ကြောင့် ကျွန်တော်တို့သိခြင်တာသိခွင့်ရတာ လောတယ်လို့တော့ မပြောပါနဲ့ဗျာ ထပ်တင်ပေးပါဦး
    သိခြင်တာတွေများနေလိုပါ မြန်မာ့ရေတပ်မတော် ရေငုပ်သင်္ဘောမြန်မြန်ပိုင်ဆိုင်နိုင်ပါစေ.....

    ReplyDelete
  5. ဒီသေးသေးလေးတွေမှတောင် ဒုံး4လုံးပါတယ်ဆိုတော့771.772လိုအရွယ်ကဒုံး4လုံးထဲဆိုမနည်းဘူးလား

    ReplyDelete