Sunday, February 16, 2014

အမောင်းသင်တိုက်လေယာဉ် များအတွက် အတွေးတစ်စ

တပ်မတော်လေတွင် လက်ရှိ အသုံးပြုနေတဲ့ တိုက်ခိုက်ရေးလေယာဉ်(light attacker & Advance jet trainer)တွေအဖြစ် ယူဂိုဆလပ်နိုင်ငံထုပ် G-4 super galeb နဲ့ K-8/K-8W Karakoram ဆိုပြီးမျိုးကွဲ သုံးမျိုးကို အသုံးပြုလျှက်ရှိပါတယ်။

G-4 super galeb


ထိုအထဲတွင် G-4 လေယာဉ် ထုပ်လုပ်သော ယူဂိုဆလပ်၏ မူလရည်ရွယ်ချက်မှာ attackerအဖြစ်အသုံးပြုရန် ထုပ်လုပ်ထားပြီး ကျန် advance jet trannierတွေထက် payload အများအပြား ပိုမိုကောင်းမွန်နေပါတယ်။ ၁၉၉၁ခုနှစ်တွင် မြန်မာတပ်မတော်လေက အစီး၂၀မှာယူခဲ့သော်လည်း ယူဂိုဆလပ်ပြည်ထောင်စု ပြိုကွဲမည့် ဘော့စနီးယားအရေးအခင်းတွင် မဟာမိတ်များသည် ထိရောက်စွာ ပစ်ကူပေးနေသော G-4တိုက်လေယာဉ်များ အန္တာရယ်မှ လွတ်ကင်းရန် စက်ရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် တပ်မတော်လေအတွက် ပထမအသုတ် ၆စီးသာ ရောက်ရှိခဲ့ပြီး A-5လေယာဉ်များဖြင့် အစားထိုးဝယ်ယူခဲ့ရသည်။ ထိုအခါ G-4လေယာဉ်များအား advance jet trainer အဖြစ် အသုံးပြုနေသော AT-33 T-birdနေရာမှာ အစားထိုးခဲ့ပါတယ်။
 



K-8 Karakoram များကို ၁၉၉၈ခုနှစ်တွင် F-7ကဲ့သို့ Fighterများမောင်းနှင်ရာတွင် Combat readyအတွက် air to air သင်ခန်းစာများကို ကြိုတင်သင်ကြားပေးနိုင်ရန် ကနဦး တိုက်လေယာဉ် အမောင်းသင်လေယာဉ်အဖြစ် အသုံးပြုရန် ဝယ်ယူခဲ့သည်။

၂၁ရာစုတွင် သောင်းကျန်းသူနှိမ်နင်းရေး တာဝန်ထမ်းဆောင်နိုင်မည့် light attackerများ ခေတ်စားလာခဲ့သည်။ ၉/၁၁အရေးအခင်း နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ သောင်းကျန်းသူနှိမ်နင်းရေး အတွက် အသိတရားများ လမ်းပွင့်လာပါသည်။ သောင်းကျန်းသူနှိမ်နငိးရေးအတွက် အာဖဂန်စစ်ပွဲအတွင်း F-16နှင့် A-10ကဲ့သို့ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်သောအခါ အပ်နဲ့ထွင်းယူရမည်ကို ပေါက်ဆိန်နဲ့ပေါက်သကဲ့သို့ မလိုအပ်ပဲ ကုန်ကျစရိတ်ကြီးမြင့်နေပါသည်။ စစ်မျက်နှာစာ နှစ်ခုဖွင့်သောအခါ စီးပွားရေး ဂယက်ထသည် အထိ စိတ်ပျက်စရာဖြစ်ခဲ့ပေသည်။ ထိုကြောင့် အမေရိကန်လေတပ်သည် အထူးလေယာဉ်များထက် ဘက်စုံသုံး မျိုးကွဲလေယာဉ်များကို အသုံးပြုရန် ကြိုးပမ်းလာသည်။ ထိုအခါ သောင်းကျန်းသူနှိမ်နင်းရေးအတွက် စရိတ်စက သက်သာပြီး ထိရောက်စွာ ပြစ်ကူပေးနိုင်သည့် light attackerများကို ရွေးချယ်လာခဲ့သည်။ OXလေယာဉ်စီမံကိန်းဟု လျို့ဝှက် အမည်ပေးကာ counter-insurgency(COIN) လေယာဉ်များဖြစ်သော AT-6(PC-9ကို အမေရိကန်မှ လိုင်စင်ယူကာ ပြန်ထုတ်သည့် လေယာဉ်) ဆွန်ဇာလန်နိုင်ငံထုပ် PC-21လေယာဉ်နှင့် ဘရာဇီးနိုင်ငံထုတ် Super Tucano လေယာဉ်များ တင်ဒါခေါ်ယူခဲ့သည်။

တပ်မတော်လေ PC တိုက်လေယာဉ်များ

မြန်မာ့ တပ်မတော်လေမှလည်း ထိုအချက်ကို အမိအရယူကာ သောင်းကျန်းသူနှိမ်နင်းရေးနှင့် တန်းမြင့်ဂျက်လေယာဉ် သင်တန်းများ ပေးနိုင်ရန် K-8Wလေယာဉ်ကို TOTစာချုပ်ချုပ်ဆို၍ စက်ရုံလိုက်ဝယ်ယူ ထုတ်လုပ်ခဲ့သည်။ ထိုK-8Wတိုက်လေယာဉ်မှာ KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ခိုက်သော သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးတွင် မြေပြင်တပ်ဖွဲ့များကို ထိရောက်စွာ ပစ်ကူပေးနိုင်ခဲ့သည်။

မြန်မာ့တပ်မတော်လေ K-8W များ

သို့သော် K-8လေယာဉ်သည် တိုက်လေယာဉ် အမောင်းသင်လေယာဉ်တစ်စီးအဖြစ် အသုံးပြုရန် သင့်တော်မှု အားနည်းသောကြောင့် ကနဦးတိုက်လေယာဉ် အမောင်းသင်လေယာဉ်(lead in fighter trannier-LIFT) လေယာဉ်တစ်စီးကို ဝယ်ယူရန်အစားထိုးရန် လိုအပ်သည်။  မြန်မာ့တပ်မတော်လေ အတွက် သင့်တော်မည့် လေယာဉ် သုံးမျိုးကို နှိုင်းယှဉ် ဖော်ပြလိုက်ပါသည်။ထို လေယာဉ်များမှာ-

၁။FTC-2000(JL-9)mountain eagle
၂။L-15 Lead In Fighter trannier
၃။Yak-130တို့ဖြစ်ကျသည်။

FTC-2000(JL-9)mountain eagle

-ထုပ်လုပ်သည့်နိုင်ငံ-တရုပ်ပြည်သူ့သမ္မတနိုင်ငံ
-ထုပ်လုပ်သည့်ကုမ္ပဏီ-CATIC aircraft production Chengdu aeronautical factory

တရုပ်တပ်မတော်လေတပ်သည် ကျောင်းဆင်းခါစ တိုက်လေသူရဲလောင်းများကို ကြားခံလေ့ကျင့်ရေး တိုက်လေယာဉ်အဖြစ် F-7တိုက်လေယာဉ်များဖြင့် လေ့ကျင့်ပေးလျှက်ရှိသည်။ သို့သော် F-7တိုက်လေယာဉ်များသည် ကြားခံတိုက်လေယာဉ် စစ်စစ်မဟုတ်ပဲ တိုက်လေယာဉ်တစ်စီးဖြစ်ပေရာ K-8လေယာဉ်မောင်းတက်ခါစ လေသူရဲများအတွက် မောင်းနှင်ရခက်ခဲစေပါသည်။ထို့အတွက် သာမန်ပျံသန်းမူကို မနည်းသင်ကြားရသောအခါ နည်းဗျုဟာမြောက် တိုက်ခိုက်ရေးလေ့ကျင့်မှု အတွက်ထိရောက်မူမရှိပေ။ ထိုလေယာဉ်၏ အမြန်နှုန်း အလွန်အမင်းမြင့်မားမှု ဟာ တိုက်လေသူရဲငယ်လေးများအတွက် ကြီးမားသော ခြောက်လှန့်မူပင်ဖြစ်သည်။ ထို့ကြောင့် ကြားခံအစားထိုးရန် လေယာဉ်တစ်စီးအား အလျှင်အမြန်တည်ဆောက်ရေး တာဝန်ပေးအပ်လာသည်။ ထိုအခါ ယခုလက်ရှိရှိနေသော FT-7(JJ-7)ကို အဆင့်မြင့်တင်ခြင်းဖြင့် အလွယ်ကူဆုံးအစားထိုးမူပင်ဖြစ်သည်။ F-7မှာ F-7 interceptorကို multirole အဖြစ် စမ်းသပ်နေသော F-7MF စီမံကိန်းရှိနေပေသည်။ ထို F-7လေယာဉ်သည် ယခင်လေယာဉ်များကဲ့သို့ အင်ဂျင်လေဝင်ပေါက် intakeကို ရှေတွင်မထားပဲ ဘေးသို့ Side intakeအဖြစ် ထုတ်ထားသည်။

ယခင်လေယာဉ်၏ လေဝင်ပေါက်ထိပ်က ACPထဲတွင် ရေဒါတပ်ဆက်ရသောအခါ နေရာအခက်အခဲကြောင့် အားကောင်းသည့် ရေဒါတပ်ဆင်နိုင်ခြင်းမရှိပေ။ထိုကြောင့် side intakeအဖြစ်ထားကာ လေယာဉ်ဦး Noseတွင် ရေဒါတပ်ဆင်နိုင်ပေသည်။

ထိုပင်မဒီဇိုင်းကို အခြေခံကာ နှစ်ယောက်မောင်း အမောင်းသင်တိုက်လေယာဉ်အဖြစ် တည်ဆောက်ခဲ့သည်။ထိုလေယာဉ်သည် Mig-21 mongolကို အခြေခံယူတည်ဆောက်ထားသော FT-7Eလေယာဉ် ကိုယ်ထည်ကို အခြေခံကာ F-7MFဒီဇိုင်းကို ရောနှော၍ တည်ဆောက်ထားသည်။ ထိုလေယာဉ်အား J-10,Su-27,J-11ကဲ့သို့သော 4th generation တိုက်လေယာဉ်များအတွက် ရည်ရွယ်ကာ တည်ဆောက်ခဲ့သည်။ JL-9လေယာဉ်တောင်ပံကို FT-7Eလေယာဉ်တောင်ပံကဲ့သို့ ပင့်တင့်အားကောင်းမွန်မှု နဲ့ wing loading လျော့ချပေးနိုင်သော double delta wingကို တပ်ဆင်ထားသည်။ ထိုတောင်ပံသည် F-7Eကဲ့သို့ပင် leading edge flap မပါဝင်ပေ။ နောက်ထိုင်ခုံမှာ F-7လေယာဉ်ကဲ့သို့ ရှေ့ထိုင်ခုံနှင့် တတန်းတည်း ဖြစ်မနေပဲ အနည်းငယ်မြင့်တင်ကာ နောက်ထိုင်ခုံနည်းပြအတွက် ရှေ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်စေကာ သင်ကြားရလွယ်ကူစေရန် ပြုလုပ်ထားသည်။ယခင် FT-7အသုံးပြုသော WP-7Bအင်ဂျင်အစား F-7Eအတွက်အသုံးပြုသော WP-13Fအင်ဂျင်ကို အသုံးပြုထားသည်။ အီတလီနိုင်ငံလုပ် Grifo S-7 PESAရေဒါကို အသုံးပြုထားပြီး electronic counter အဖြစ်အသုံးပြုနိုင်ရန် podများလည်း တပ်ဆင်နိုင်သည်။ F-7လေယာဉ်များကဲ့သို့ တောင်ပံအောက် pylonလေးခုနှင့် ကိုယ်ထည်တွင် တစ်ခု(အပိုဆီတိုင်ကီနှင့် တခြားစစ်ဆင်ရေးသုံး podများသာတပ်ဆင်နိုင်)တပ်ဆင်နိုင်သည်။ payloadအဖြစ် 2000kgအဖြစ်ငယ်ဆောင်နိုင်သည်။ အသံထက်၁.၅ဆအထိပျံသန်းနိုင်သည်။

FTC-2000(JL-9)၏ စွမ်းဆောင်ရည်များမှာ အောက်ပါအတိုင်းဖြစ်သည်
-အင်ဂျင်-WF-13P turbojet engine
-တွန်းကန်အားအချိုး-0.86
-အများဆုံးပျံနိုင်သောနှုန်း-အသံခက်၁.၅ဆ
-စစ်ဆင်နိုင်သော အကွာအဝေး-၂၈၉မိုင်
တပ်ဆင်နိုင်သော လက်နက်-PL-5,PL-7,PL-9(တာတိုပြစ်)PL-11(တာလတ်ပြစ်)နှင့် ဝေဟင်-မြေပြင်ပြစ် လေဆာပဲ့ထိန်းဒုံးများ

L-15(JL-10)

JL-15လေယာဉ်သည် တရုပ်ပြည်သူသမ္မတလေတပ်
 ခေတ်မှီကနဦးအမောင်းသင်တိုက်လေယာဉ် လိုအပ်ချက်အတွက် အမောင်းသင်လေယာဉ်များ ထုပ်လုပ်သော nanchaung စက်ရုံကို cheduစက်ရုံမှာ ထုပ်လုပ်သော FTC-2000အပြိုင်ထုပ်လုပ်ရန် တာဝန်ပေးခဲ့သည်။ ထိုL-15တိုက်လေယာဉ်ကို yakovlev ကုမ္ပဏီမှ ထုပ်လုပ်သော Yak-130နှင့် အတော်ပင်ဆင်တူနေပါသည်။ ထိုလေယာဉ်အား Yakovlevကုမ္ပဏီမှ အကူအညီပေးခဲ့သည် ဟူ၍လည်းဆိုပါသည်။ ခေတ်မှီတိုက်လေယာဉ်တစ်စီးတွင် ရှိသင့်သော အချက်များနှင့်ပြည်စုံပြီး ဖန်သားပြင်လေယာဉ်မောင်းခန်း(glass cockpit)နှင့် ခေတ်မှီလေ့ကျင့်ရေးအထောက်အကူပြု ပစ္စည်းများတပ်ဆင်ထားသည်။ Angle of Attack 30°အထိ လှုပ်ရှားစစ်ကစားနိုင်သောကြောင့် မျိုးဆက်မြင့်တိုက် လေယာဉ်များအတွက် အထူးပင်သင့်လျှော်သော အမောင်းသင် တိုက်လေယာဉ်တစ်စီးဖြစ်သည်။ အထူးသဖြင့် Su-27/30နှင့် J-11/15/16ကဲ့သို့ အဆင့်လွန် လှုပ်ရှားစစ်ကစားနိုင်သော လေယာဉ်များအတွက် အထူးပင်သင့်တော်သည်။ ပထမဆုံးစမ်းသပ်လေယာဉ်တွင် ယူကရိန်း၏ AI-222-25အင်ဂျင်တပ်ဆင်ပြီး ဒုတိယမြောက်လေယာဉ်တွင် AI-222-25Fအင်ဂျင်တွင် အပိုဆီကျွေးစနစ် A/Bပါဝင်သောကြောင့် အသံထက်မြန်အောင် ပျံသန်းလာနိုင်ခဲ့သည်။ထိုကြောင့် အသံထက်မြန်သော လေယာဉ်ကို ကနဦးတိုက်လေယာဉ် အမောင်းသင်လေယာဉ်(Lead in Fighter Trannier) အဖြစ်လည်းကောင်း အသံထက်မြန်အောင်မပျံသန်းနိုင်သော လေယာဉ်ကို တန်းမြင့် အမောင်းသင်ဂျက်လေယာဉ်အဖြစ်လည်းကောင်း ထုပ်လုပ်ထားသည်။ ယခုတန်းမြင့် အမောင်းသင်နေသော K-8နေရာတွင် အစားထိုးပြီး L-15ဖြင့် တန်းမြင့်အမောင်းသင်ရော ကနဦးအမောင်းသင်တိုက်လေယာဉ်အဖြစ်ပါ အစားထိုးရန်စီစဉ်နေပါသည်။ လက်နက်တပ်ဆင်နိုင်သည့်နေရာ အဖြစ် တောင်ပံအောက် လေးခုနှင့် တောင်ပံအဖျားတွင်နှစ်ခု တပ်ဆင်နိုင်ပါသည်။

L-15အမောင်းသင်တိုက်လေယာဉ်၏ စွမ်းပကားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ထုတ်လုပ်သည့်နိုင်ငံ-တရုပ်နိုင်ငံ
ထုတ်လုပ်သည့်ကုမ္ပဏီ-CATIC aircraft production Nanchaung aeronautical factory
-အင်ဂျင်-AI-222-25(L-15AJT)
-AI-222-25F(L-15 LIFT)with afterbunner
-အများဆုံးပျံသန်းနိုင်သောနှုန်း-အသံထက် ၁.၆ဆ
-စစ်ဆင်နိုင်သည့်အကွာအဝေး-340မိုင်
-အဝေးဆုံးပျံသန်းနိုင်သောအကွာအဝေး-၁၉၆၈မိုင်

Yak-130

၁၉၉၁ခုနှစ်တွင် ရုရှား၏ L-29/39လေယာဉ်များ အစားထိုးရန် တင်ဒါခေါ်ယူခဲ့ပြီး Sukhoi S-54,Myasischev M-200,Mig-ATနှင့် Yak-UTSတို့ ယှဉ်ပြိုင်ရာ Mig-ATနဲ့ Yak-UTS တို့သာကျန်ရှိကာ ဆက်လက် ယှဉ်ပြိုင်စေခဲ့ပါသည်။ ထို Yak-UTSကို Aermacchiနှင့် ပူးပေါင်းကာ ဒီဇိုင်းရေးဆွဲ ထုပ်လုပ်ခဲ့သည်။ Amercchiမှာ ခွဲထွက်ကာ Me-346အဖြစ် ထုပ်လုပ်ခဲ့သည်။၂၀၀၂ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် Mig-ATကို ကို အနိုင်ရကာ ၂၀၀၉ခုနှစ်တွင် ရုရှားလေတပ်မှ မှာယူခဲ့သည်။

Yak-130တိုက်လေယာဉ်တွင် ခေတ်မှီ စစ်ဆင်ရေးစနစ်များ တပ်ဆင်ထားပြီး 4++generationနှင့် 5 generationတိုက်လေယာဉ်များကို မောင်းနှင်မည့်လေသူရဲများအတွက် လေ့ကျင့်မှု အထောက်အပံ ၈၀%အထိ ပေးနိုင်ပါသည်။ ခေတ်မှီ တိုက်လေယာဉ်များတွင်ပါဝင်သော လေဆာစနစ်ဖြင့် ပစ်မှတ်ရှာဖွေစနစ်(IRST) လေသူရဲဦးထုပ်မှ ပြစ်မှတ်ချိန်ရွယ်မူစနစ်(Helmet mounted sight system)နှင့် ခေတ်မှီ လေကြောင်းလမ်းညွန် စနစ်များကိုပါ အသုံးပြုနိုင်သည်။ အပေါ့စားတိုက်ခိုက်ရေးနှင့် ကင်းထောက်ခြင်း တာဝန်ကိုပါ ထမ်းဆောင်နိုင်ပြီး payloadအဖြစ် 3000kgအထိ သယ်ဆောင်နိုင်ပါတယ်။ အီလက်ထရောနစ် podများကို တပ်ဆင်နိုင်ပြီး ကမ္ဘာမြေဆွဲအား ၉ဆအထိ စွမ်းဆောင်နိုင်ပါတယ်။AI-222-25အင်ဂျင်ကို တပ်ဆင်ထားပြီး တွန်းကန်အားအချိုး ၀.၇၈အထိရရှိပါတယ်။ လက်နက်နပ်ဆင်နိုင်သော နေရာ ကိုးခုရှိပြီး ကိုယ်ထည်အောက် တစ်နေရာ တောင်ပံအောက် ၆နေရာ တောင်ပံအဖျားတွင် နှစ်နေရာ တပ်ဆင်နိုင်သည်။

Yak-130အမောင်းသင်တိုက်လေယာဉ်၏ စွမ်းပကားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
-ထုပ်လုပ်သည့်နိုင်ငံ-ရုရှား
-ထုပ်လုပ်သည့်ကုမ္ပဏီ-Yakovlev
-အင်ဂျင်-AI-222-25 turbofun engine
-အများဆုံးပျံနိုင်သော အကွာအဝေး-၁၅၈၂မိုင်
-တွန်းကန်အားအချိုး-၀.၇၈

အားနည်းချက်နှင့်အားသာချက်များကို နှိုင်းယှဉ်ခြင်း

FTC-2000 moutain eagle

အားသာချက်များ

-အမောင်းသင်လေယာဉ်တစ်စီး အဖြစ်သာမက တိုက်လေယာဉ်တစ်စီးအတိုင်း စွမ်းဆောင်နိုင်သောကြောင့် အခြားသော တာဝန် နှစ်မျိုးကို တစ်ခါတည်း ထမ်းဆောင်နိုင်သော လေယာဉ်ဖြစ်သောကြောင့် ငွေကြေးအင်အား နည်းပါးသော နိုင်ငံတွေအတွက် တိုက်လေယာဉ်တစ်စီးအဖြစ်ပါ အသုံးပြုနိုင်သည်။
-ရေဒါပါသောကြောင့် မြင်တာလွန် စစ်ဆင်ရေး (BVR Combat)ကို အခြားလေယာဉ်များထက်စစ်ဆင်နိုင်ခြင်း
-အီလက်ထရောနစ်တန်ပြန်စစ်ဆင်ရေး တာဝန်ကိုပါ ထမ်းဆောင်နိုင်ခြင်း
-အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းနိုင်ခြင်း
-ပြုပြင်ထိန်းသိမ်းရ လွယ်ကူခြင်း
-F-7လေယာဉ်နှင့် မကွာခြားသောကြောင့် နည်းပညာ ရှုပ်ထွေးမူ မရှိခြင်း

အားနည်းချက်
-အမောင်းသင်တိုက်လေယာဉ်ထက် တိုက်လေယာဉ် ပိုမိုဆန်နေခြင်း
-အင်ဂျင်တစ်လုံးထဲ ဖြစ်သောကြောင့် စိတ်ချရမူ အားနည်းခြင်း
-K-8လေယာဉ်နှင့် ယှဉ်လျှင် အမြန်နှုန်းမှာ အမောင်းသင်တိုက်လေယာဉ်တစ်စီးအတွက် လိုအပ်သည်ထက် ပိုမိုများပြားနေခြင်း
-လက်နက်တပ်ဆင်နိုင်မူ နည်းပါးခြင်း
-FT-7လေယာဉ်နှင့်သိပ်ကွာခြားမူ မရှိသောကြောင့် သင်ကြားမူအတွက် ခက်ခဲခြင်း
-မျိုးဆက်မြင့် 4++ Generation နှင့် 5 generationတိုက်လေယာဉ်တို့အား ထောက်ပံပေးနိုင်မူ နည်းခြင်း
-အသုံးပြုသည့်နိုင်ငံမှာ တရုပ်ပြည်သူ့တပ်မတော်လေတပ်က လွဲ၍ အသုံးပြုသည့် နိုင်ငံမရှိခြင်း

L-15

အားသာချက်

-အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းနိုင်ခြင်း
-တန်းမြင့် ဂျက်လေယာဉ် အဖြစ်ကော အမောင်းသင်တိုက်လေယာဉ် အဖြစ်ပါ အသုံးပြုနိုင်ခြင်း
-လှုပ်ရှားစစ်ကစားမူ ကောင်းမွန်ခြင်း
မျိုးဆက်မြင့်တိုက်လေယာဉ်များအတွက် အထောက်အပံကောင်းများ ပေးနိုင်ခြင်း
-အင်ဂျင်နှစ်လုံးဖြစ်သောကြောင့် စိတ်ချယုံကြည်ရမူကောင်းမွန်ခြင်း
-ပြည်ပနိုင်ငံများ၏ စိတ်ဝင်စားမူခံရခြင်းနှင့် ဝယ်ယူမူရှိခြင်း

အားနည်းချက်

-တရုပ်လေတပ်က FTC-2000နဲ့ တင်ဒါယှဉ်ပြိုင်မူတွင် ရှုံးနိမ့်ခြင်းကြောင့် အပိုပစ္စည်း ရရှိရန်ခက်ခဲခြင်း
-နည်းပညာရှုပ်ထွေးမူရှိခြင်း
-ရေဒါမပါဝင်ခြင်း
-စစ်ဆင်ရေးတွင် အသုံးကျမူနည်းခြင်းကြောင့် ငွေကြေးအင်အားနည်းသော နိုင်ငံတွေ အတွက် ခက်ခဲစေခြင်း

Yak-130

အားသာချက်များ
-ခေတ်မှိတိုက်လေယာဉ်များအတွက် အထောက်အပံဖြစ်စေခြင်း
-အင်ဂျင်နှစ်လုံးဖြစ်သောကြောင့် စိတ်ချယုံကြည်ရခြင်း
-စစ်ဆင်ရေးတွင် အသုံးဝင်မူကောင်းမွန်ခြင်းနှင့် Attackerတစ်စီးကဲ့သို့ စွမ်းဆောင်နိုင်ခြင်း
-လက်နက်တပ်ဆင် သယ်ဆောင်နိုင်မူ ကောင်းမွန်ခြင်း
-ရုရှားနိုင်ငံထုပ်လက်နက်မျိုးစုံတပ်ဆင်နိုင်ခြင်း
-နိုင်ငံအများအပြား အသုံးပြုမူကြောင့် စိတ်ချယုံကြည်ရသော လေယာဉ်ဖြစ်ခြင်း

အားနည်းချက်

-နည်းပညာရှုပ်ထွေးခြင်း
-ဈေးနှုန်းမြင့်မားခြင်းတို့ဖြစ်သည်။

သုံးသပ်ချက်
မြန်မာတပ်မတော်လေအတွက် ကနဦးတိုက်လေယာဉ်များ ပိုင်ဆိုင်ခြင်းဖြင့် တိုက်လေယာဉ်မောင်းနှင်မည့် လေသူရဲများကို အထောက်အကူပြုရုံမျှမက တိုက်လေယာဉ်တွင် သင်ကြားပေးရမည့် အချိန်နှင့်ငွေကြေးပါသက်သာပြီးသား ဖြစ်စေပါတယ်။ထိုကြောင့် ယခုကဲ့သို့ ကနဦးအမောင်းသင်တိုက်လေယာဉ်(Lead in fighter trainer)များ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ။

sky(၁၆.၂.၂၀၁၄)

6 comments:

  1. အရမ်းမိုက်တဲ့ ဆောင်းပါးလေးပါ ကို စကိုင်း ဟန်တာ ရေ့.....။ ကေ အိတ် ကို စက်ရုံ တောင် ၀ယ် လိုက်တယ် ဆို လို့အားရမိရုံ ရှိသေး... အစား ထိုး ရမယ့် အခြေ ရောက် နှင့် နေပါပေါ့လား ဆို တာ သိရလို့... အားတစ်ဝက်ပြန်ကျတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ...လ/၀ ဆို တာတွေကြောင့် ကျွန်တော် တို့ အများ ပြည် သူမှာ မြင်သင့် တာ လေးပဲ မြင်ခွင့်ရလို့ ကျေနပ်နေရပေမယ့်.. ဒါ့ ထက်သာ တာကြီး တွေတော့ ပုံ အော နေမှာ ပဲ ဆို ပြီး.. ကြိတ်ပျော် နေမိတာဗျ...။ လာမယ့် မတ် ၂၇ မှာ ဘာ တွေများ ထွက် ပြလိုက်မလဲ.... လို့ ပုံ ဖော် မှန်းဆနေရတာနဲ့ အခု ကတည်း က ရင်ခုန်နေရပြီဗျာ..။ ကြည်း ၊ ရေ၊ လေ.. အားလုံးအဲဒီနေ့မှာ... အသစ်တွေချည်း ပဲ... တပ်တော် ၀င်ပြလိုက်..ရင် . ဒေသတွင်း မှာ ဆရာ.. ဖြစ်သွား လောက်တယ်နော့........။ အခု လည်း မခေပါဘူး... ဖြစ်ချင်တာကို ပြောကြည့် တာပါ...။ ၀မ်းသာပါတယ်ဗျာ.......။ မြန်မာ့ တပ်မတော် အဆဆ တိုးတက်ပါစေ...။

    ReplyDelete
  2. အကောင့်ပိုင်ရှင်ရဲ့ဖု့န်းနံပါတ်လေးလိုချင်ပါတယ်

    ReplyDelete
  3. I would like to recommendation for Yak -130

    ReplyDelete
  4. ဗဟုသုတတော်တော်လေးရပါတယ်ဗျာ ကျေးဇူးပါ

    ReplyDelete
  5. K-8wတွေကိုသဘောကျတယ်

    ReplyDelete