Wednesday, April 2, 2014
ဟန်သာဖြစ်၍ အဆံမရှိသည့် သင်္ကြန်အမြောက်များ
ဘင်္ဂလားဒေ့်ရေတပ်သည် ဒေသတွင်းနိုင်ငံများ အထူးသဖြင့် မြန်မာ့ရေတပ်၏ အင်အားတိုးချဲ့မှုများအား အထူးအလေးထား စောင့်ကြည့်ကာ ဘင်္ဂလားရေတပ်အား တိုးချဲု့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ အကြီးအကျယ်ပြုလုပ်ခဲ့ပါသည်။ ယခုပိုစ့်တွင် ဘင်္ဂလားရေတပ်၏ တရုပ်ရေတပ်မှ ဝယ်ယူထားသည့် ဖရီဂိတ်များအကြောင်းအား ဖော်ပြပေးပါမည်။
ဘင်္ဂလားရေတပ်ရှိ စစ်ရေယာဉ်များသည် သက်တမ်းလွန်ရေယာဉ်အများစုဖြစ်ပြီး ပြည်တွင်းထုတ် တိုက်ရေယာဉ်ဟူ၍ မရှိပဲ ပြည်ပနိုင်ငံများမှ အသုံးပြုလိုခြင်းမရှိသည့် ရေယာဉ်များအား ဝယ်ယူစုဆောင်းခြင်းနှင့် မွမ်းမံခြင်းများပြုလုပ်ကာ ရေတပ်အား တိုးချဲ့နေကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဘင်္ဂလားရေတပ်၏ ဖရီဂိတ် လက်ရှိပိုင်ဆိုင်မှုများအနက် F22 (တောင်ကိုးရီးယားထုတ်) နှင့် F18 Type-053H1 (တရုပ်ထုတ်) ဖရီဂိတ်စစ်ရေယာဉ် (၂)စင်းမှအပကျန် ဖရီဂိတ်စစ်ရေယာဉ်များမှ အဆင့်မြှင့်တင်ထားမှုမရှိသည့် F15, F16 နှင့် F17 ဖရီဂိတ်အဟောင်းများဖြစ်သည်။
အဆိုပါ ရေယာဉ်အဟောင်းများဖြင့် အနာဂါတ်တွင် ဆက်လက်ရပ်တည်၍မရသည်ကို လက်ခံလာကြပြီး မကြာသေးမှီကမှ တရုပ်ရေတပ်သုံး Type-053H2 ဖရီဂိတ်စစ်ရေယာဉ်(၂)စင်းအား ဝယ်ယူခဲ့ပါသည်။ နောက်ဆုံးရရှိသော သတင်းများအရ မူလတပ်ဆင်ထားသည့် HY-2 သင်္ဘောဖျက်ဒုံးများအစား စီ-၈၀၂ သင်္ဘောဖျက်ဒုံး (၈)စင်း တပ်ဆင်ထားကာ စစ်ဆင်ရေးစွမ်းရည်အား မြှင့်တင်ခဲ့ပါသည်။
Wikipedia တွင် ဖော်ပြထားချက်များအရ လက်နက်စနစ်များမှာ-
စီ-၈၀၂ သင်္ဘောဖျက်ဒုံးအပါဝင်
2 x Type 79A dual-100 mm gun
4 x Type 76 dual-37 mm AA guns
2 x 5-tube Type 81 ASW rocket launcher (30 rounds)
4 x Type 64 DC projectors
2 x DC racks
2 x Mk-36RBOC 6-barrel decoy rocket launchers ဟုဖော်ပြထားပြီး HQ-7 တာတိုပစ် လေကာဒုံးအား ဆက်လက်တပ်ဆင်သွားမည်ဟု သိရသော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေးပါ။ ထို့အပြင် တရုပ်ရေတပ်သုံး ပုံစံ-၇၃၀ မြန်နှုန်းမြင့် စက်အမြောက်ကြီးများအား တပ်ဆင်မည်ဟု ဖော်ပြထားစေကာမှု အမှန်တကယ်တပ်ဆင်မှု ပြုလုပ်ထားခြင်း မရှိသေးပါ။ လက်ရှိအသုံးပြုနေသည့် F18 ဖရီဂိတ်တွင်ပင် တပ်ဆင်ထားနိုင်ခြင်း မရှိသေးကြောင်းတွေ့ရပါသည်။
ရေဒါစနစ်များနှင့် ဆိုနာခေါ် ရေအောက်ရှာဖွေရေး (ရေငုပ်သင်္ဘောအစရှိသည့်) စနစ်များမှာလည်း ထူးထူးခြားခြား ပြောင်းလဲထားခြင်းမရှိဟု သိရကာ ဘင်္ဂလားဒေ့်၏ ရေတပ်အဖို့ အနာဂါတ်တွင် ခေါင်းရှုပ်ဖွယ်ရာ ရေယာဉ်များဖြစ်လာနိုင်ပါသည်။ ရေငုပ်သင်္ဘောရှာဖွေချေမှုန်းရေး ရဟတ်ယာဉ်များကို သယ်ဆောင်နိုင်စွမ်းမရှိပဲ ဘင်္ဂလားသတင်းများတွင် ဖော်ပြထားသကဲ့သို့ ရဟတ်ယာဉ် ဆင်းသက်ကွင်းများ တည်ဆောက်သွားမည်ဆိုပါက ရေယာဉ်၏ အနောက်ဘက်တွင် အားဖြည့်ထားသော ၁၀၀မမ ရေတပ်သုံးအမြောက်ကြီးများအား ဖြုတ်ချရမည်ဖြစ်ပြီး ရေယာဉ်၏ ပစ်ခတ်မှုစွမ်းဆောင်ရည်ကို လျော့ချလိုက်သကဲ့သို ဖြစ်စေပါမည်။
ယနေ့ခေတ် ရေတပ်သင်္ဘောများသည် ရေယာဉ်ခြင်း ထိပ်တိုက်ထိတွေ့မှုများအပြင် ပင်လယ်ပြင် ကင်းထောက်လေယာဉ်များ၊ ရေတပ်သုံး သင်္ဘောဖျက်ဒုံးတပ် တိုက်လေယာဉ်များ၏ ရန်ကိုထည့်သွင်း တွက်ချက်လာကြကာ လက်ရှိ ဝယ်ယူထားသည့် အဆိုပါဖရီဂိတ် (၂)စင်း၏ ဝေဟင်ကင်းထောက်စနစ်သည် ထိုအချက်ကို လုံးဝနီးပါးထည့်သွင်း တွက်ချက်မထားခြင်းလောဟု သုံးသပ်မိပါသည်။ ထို့အပြင် ရရှိထားသော အချက်လက်များအရ အဆိုပါ ရေယာဉ်များအနက် F15 ရေယာဉ်သည် တရုပ်ရေတပ်တွင် တာဝန်ထမ်းဆောင်စဉ်က ဆိုးရွှားသော ထိခိုက်မှုများရှိခဲ့သည်ဟု သိရပါသည်။
အဆင့်မြှင့်တင်ထားပြီးဖြစ်သည့် တပ်မတော်(ရေ)မှ ဖရီဂိတ်စစ်ရေယာဉ်
(တပ်မတော်(ရေ)၏ တရုပ်ရေတပ်မှ လက်ခံရရှိခဲ့သော Type-053H1 ဖရီဂိတ် F21 နှင့် F23 ဖရီဂိတ်များအပေါ်တွင်မှု Type-517 ဝေဟင် လေကြောင်းကင်းထောက် အဆင့်မြှင့်ရေဒါများ တပ်ဆင်ထားပြီး ရေတပ်၏ အခြားရေယာဉ်များနှင့်အတူ ဆက်သွယ်သတိပေးခြင်းများ ဆောင်ရွှက်နိုင်ကာ ရေတပ်၏ လေကြောင်းကင်းထောက်ဖရီဂိတ်များအဖြစ် လူသိများပါသည်။)
စီ-၈၀၂ သင်္ဘောဖျက်ဒုံးများ
 ဘင်္ဂလားရေတပ်မှ ဖရီဂိတ် စစ်ရေယာဉ်များ
အထက်ပါဖော်ပြထားချက်များအား လေ့လာကြည့်ပါက ဘင်္ဂလားဒေ့်ရေတပ်သည် အရေအသွေးမှ အရေအတွက်ကိုသာ အဓိကထားကာ တက်လှမ်းနေသည်ဟု သုံးသပ်နိုင်ပြီး အနာဂါတ်တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်လာနိုင်သော်လည်း အဆိုပါရေယာဉ်များ၏ သက်တမ်းနှင့် ထိန်းသိမ်းမှုအားနည်းချက်များအကြောင့် ဟန်သာဖြစ်၍ အဆံမရှိသည့် သင်္ကြန်အမြောက်များဟု လူပြောများနေရခြင်းဖြစ်ပါသည်။ အဘယ်သို့ဆိုစေ စီ-၈၀၂ ကဲ့သို့သော် ရေပြင်မှရေပြင်ပစ်ဒုံးများ တပ်ဆင်ထားခြင်း၊ အခြားဖရီဂိတ်များ ဝယ်ယူရန် ကြိုးပမ်းနေခြင်းသည် မိမိတို့နိုင်ငံအတွက် အထူးသတိထားစောင့်ကြည့်ရမည် ရေတပ်တစ်ခုဖြစ်လာစေပြီး မကြာမှီတွင် မြန်မာ့ပင်လယ်အား ခြိမ်းခြောက်လာနိုင်မည့် မည်သည့် ရေတပ်ကိုမဆို ချေမှုန်းနိုင်သည့် အင်အားကြီး ရေတပ်ကြီးတစ်ခုကို မိမိတို့အနေဖြင့် တည်ဆောက်ထားရမည်ဖြစ်ပါတော့သည်...။
တပ်မတော်(ရေ)၏ အနာဂါတ် ရေတပ်အင်အားတိုးချဲ့မှု စီမံကိန်းများနှင့် တည်ဆောက်ဆဲ ရေယာဉ်များအကြောင်း ဆက်လက်ဖော်ပြပေးပါဦးမည်။
9 comments:
  1. ကျွန်တော်တို့ဆီမှာ...ရေဒါ ရှောင်ကွင်းနည်းပညာ သုံး တည် ဆောက်ထား တဲ့ စတဲ့လ်ဖရီးဂိတ်တွေ တစ်နှစ်ကို တစ်စင်းနှုန်း နဲ့ ရေချလိုက်... တပ်တော် ၀င်လိုက်လုပ် နေတာကို တောင် ကျွန်တော်တို့က နှေးပြီး နည်းနေသေးတယ် လို့ ထင်နေတာဗျ..။ ကျွန်တော်တို့ဆီက အသစ်ဝယ် မယ့် JH 7 တွေ ကို စီ ၈၀၂ သင်္ဘော ဖျက် ဒုံး တွေချိတ်ပြီး လွှတ်လိုက်မယ် ဆို ရင်.....ဂွတ်ရှယ် ဖြစ်သွား မယ်..ထင်တယ်နော်..။ မသိလို့မေးပါရစေ.... ဘရဲ့ မစ်ဂ် ၂၉ တွေက ကြားဖြတ်တိုက်ခိုက်ရေး လုပ်တာ မျိုး ဖြစ်လာ နိုင်လား ဗျ..။.. ဂျေအိတ်ခ်ျ ဆဲဗင်း တွေ က ဒေါ့ဖိုက်ရော ရလား .. ဒါမှမဟုတ်.... ဘေးက မစ်ဂ် တွေ က လိုက်စောင့် ပေးရသေးလား....... ။ ပြီးတော့ သူတို့ ဖရီးဂိတ်တွေမှာ ကလို့စ်အင် ၀က်ပွန် စစ် စတမ် ရော တပ်ထား လား ဗျ.......။ ပါမယ်ထင်တယ်နော်....။
    ReplyDelete
    Replies
    1. ဘလေတပ်မှာ MIG-29 (၈)စီးရှိတယ်။ ဒါပေမယ့် စီးပွါးရေးအခြေအနေမကောင်းလို. ပြန်ရောင်းမယ်လို. အသံထွက်ခဲ့ဖူးတယ်။ ပြီးတော့ သူတို.၀ယ်ထားတဲ့ MIG-29 (၈)စီးဟာ EW စနစ်တွေဘာတွေ မပါဘူး။ DATA Link system မပါဘူး။ အဲအတွက် မြန်တာပဲရှိမယ်။ စွမ်းဆောင်ရည်အပြည့် တိုက်ပွဲမ၀င်နိုင်ဘူး။
      Delete
  2. We need to increase our Naval power and Naval capabalities !
    ReplyDelete
  3. ကိုmmရေကျန်စစ်သားဖရီးဂိတ်ကြီးကိုလက်နက်တပ်ဆင်ပြီးလားဆိုတာသိချင်ပါတယ်ဖော်ပြပေးပါ။
    ReplyDelete
  4. ဟုတ်တယ်ဗျို့C-802ကိုတော့သတိထားရမယ်
    ReplyDelete
  5. ရန်သူကို အထင်သေးလို့တော့မရဘူး
    ကိုယ်ဘက်ကတော့ Perfect ဖြစ်နေရမယ်
    Right?
    ReplyDelete
  6. ဘ ကကောင်တွေ ကတော့ ဘလောဂ့် တွေမှာ ဝင်ရေးနေတယ် f22 (ulsan class - Korea)တစ်စင်းထဲနဲ့တောင် မြန်မာ naval fleet တစ်ခုလုံးကို ချေမှုန်းနိုင်တယ်တဲ့ wikipedia မှာလည်း အဲဒီသင်္ဘော က regional မှာအကောင်းဆုံးတဲ့ ကိုMM ရေကြည့်လုပ်ကြပါဦးဗျာ
    ReplyDelete
  7. တပ်​မ​တော်​သားကြီးများခင်​ဗျာ
    ဘင်္ဂလား​ဒေ့ရ်​နဲ့နယ်​ခြားကိုခြံစည်းရိုးခက်​ဖို့အစီအစဉ်​ရှိပ်​သလားခင်​ဗျာ
    ဒုံးကျီတို့အ​မြောက်​တို့
    ထားလို့​ရောရနိုင်​ပါသလားခင်​ဗျ
    လို​ရောလိုအပ်​ပါသလားခင်​ဗျကျွန်​​တော်​​တော့
    နိုင်​ငံဘတ်​ဂျက်​များလာရင်​ စစ်​မူမထမ်းမ​နေရဥပ​ဒေပြဌာန်း​စေချင်​တယ်​ ဒါမှမျိုးဆက်​သစ်​လူ
    ငယ်​​တွေစည်းကမ်းရှိမှာစစ်​အင်​အား​တောင့်​တင်းမှာ
    စစ်​သားများအား​လေးစားပြီးနိုင်​ငံ​တော်​အားချစ်​မြတ်​နိုးသူ
    ReplyDelete
  8. အကိုပြောတာကိုအပြည်အဝထောက်ခံပါတယ်
    ReplyDelete