Tuesday, June 3, 2014

Club-K ဒုံးပျံ စနစ်များ


၂၀၁၀ခုနှစ်တွင် လက်နှက်ပြပွဲများသို့ ထုတ်ပြခဲ့ပြီး၊ ၂၀၁၃ခုနှစ်တွင် အရှေ့တောင်အာရှရှိ နိုင်ငံများမှ စိတ်ဝင်စားမှု အများဆုံးရရှိခဲ့သော လက်နှက်စနစ်ဖြစ်သည်။ ပုံဖျက်ဖုံးကွယ်နိုင်မှု မြင့်မားပြီး၊ ပြုပြင်ထိမ်းသိမ်းခြင်း၊ အသုံးပြုရန်လွယ်ကူခြင်း၊ ရာသီမရွေး၊ နေ့ညမရွေး၊ လမ်းညွှန်စနစ်မရွေး၊ ပစ်ခတ်ရန်လိုအပ်သော ဒုံးပစ်စဉ်မရွေး အသုံးပြုနိုင်သော ကုန်ကျစားရိတ်သက်သာသော ဒုံးစနစ်တစ်ခုဖြစ်သည်။ ခေတ်သစ်စစ်ပွဲ အသွင်သဏ္ဍန်မျိုးစုံအတွက် အသုံးတော်ခံနိုင်သော ကြောက်မက်ဖွယ် ကောင်းလောက်အောင် လွယ်ကူထိရောက်သော ခရုစ်ဒုံးပျံစနစ်တစ်ခုလဲ ဖြစ်သည်။ ရုရှားနိုင်ငံမှ ထုတ်လုပ်သည်။

 Club-K ပဲ့ထိန်းဒုံးများ၏ စွမ်းဆောင်ရည်ပြပုံ

အဓိကအားဖြင့် သင်္ဘောဖျက်ဒုံးစနစ်များ ဖြစ်ကြပြီး ပိုမို အဆင့်မြင့်သော ဒုံးကျည်များတွင် မြေပြင်ပစ်မှတ်များနှင့် ရွေ့လျားပစ်မှတ်များကိုပါ ချေမှုန်းနိုင်စွမ်းရှိသည်။ သင်္ဘောဖျက်ဒုံးများအတွက် ကီလိုမီတာ ၂၀၀ကျော်အထိပစ်ခတ်နိုင်ပြီး မြေပြင်ပစ်မှတ်များအတွက် ကီလို၅၀မှ ကီလိုမီတာ ၃၀၀ကျော် နီးပါးအထိ အသုံးပြုသည့် ဒုံးကျည် အမျိုးအစားပေါ်တွင် မူတည်ပစ်ခတ်နိုင်သည်။ ကီလိုဂရမ် ၄၀၀ကျော် ပေါင်၈၀၀ကျော် ဒုံးကျည်ထိပ်ဖူုးကို သယ်ဆောင်နိုင်ပြီး ပေါက်ကွဲမှု စနစ်အမျိုးမျိုး ပြောင်းလဲ တပ်ဆင်နိုင်သည်။
ဒုံးကျည်ထိပ်ဖူးအတွင်းတွင် သီးခြားရေဒါပါရှိပြီး၊ နောက်ဆုံး စက္ကန့်အနည်းငယ်ထိ ထိမ်းချုပ်လမ်းညွှန်မှု ပေးနိုင်သည်။ ရေဒါလမ်းညွှန်မှုသော်လည်းကောင်း၊ ဒုံးကျည်တွင်ပါဝင်သော ရေဒါဖြင့်သော်လည်းကောင်း၊ အခြား ပစ်မှတ်လမ်းညွှန်ပေးမှုဖြင့် လည်းကောင်း၊ ဂျိုလ်တုလမ်းညွှန်ဖြင့်လည်းကောင်း လမ်းညွှန် ပစ်ခတ်နိုင်သည်။ 



ဒုံးကျည်စနစ် တစ်စုံစီတွင် အနည်းဆုံးပါဝင်သော စနစ်များအဖြစ်၊ ပစ်ခတ်မှု ထိမ်းချုပ်စနစ်တစ်ခု၊ ဒုံးကျည် ၁ခုမှ ၄ခုထိပါဝင်သော ပစ်စင်တစ်ခု၊ အမိန့်ပေးနှင့် ညှိနိုင်းကွပ်ကဲမှု အခန်းတစ်ခု နှင့် ထိုစနစ်များအတွက် လိုအပ်သော လျပ်စပ်ထောက်ပံ့ရေးနှင့် အကာကွယ်ပေး အဖွဲ့စနစ်တစ်ခု လိုအပ်သည်။
အများဆုံး စစ်ဆင်ရေး အသွင်အဖွဲ့အစည်းအတွက် ဂျိုလ်တုစနစ်များ၊ ရေဒါကွန်ယက်များ၊
 မောင်းသူမဲ့ယာဉ်များ၊ အကဲကြည့်အဖွဲ့များ၊ ဘေးနံတပ်များ၊ ရေတပ်၊ လေတပ်စစ်ယာဉ်များဖြင့် တွဲဖက် တိုက်ပွဲဝင်နိုင်သည်။ 

3M-54E1 Anti-Ship Missile
 
 အသုံးပြုသည့် ဒုံးကျည်များအနေဖြင့် သင်္ဘောများနှင့် ရေပြင်ပစ်မှတ်များအတွက် -3M-54KE, 3М-54KE1, Kh-35UE anti-ship missiles များ ဖြင့် ပစ်ခတ်နိုင်သည်။ Kh-35UE အတွက် တစ်စောင်း ပစ်စင်လိုအပ်သည်။ မြေပြင်ပစ်မှတ်များအတွက်  3M-14KE, Kh-35UE land-attack missiles များဖြင့် ပစ်ခတ်နိုင်သည်။ ထိုမစ်ဇိုင်းများသည် သယ်ယူပို့ဆောင်ရေး ကွန်တိန်နာပုံစံများထဲတွင် ပုံဖျက်ထည့်သွားထားမည်ဖြစ်ပြီး လိုအပ်ပါက ထိုဒုံးပျံများသည် လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများရှိ ဒုံးပစ်စဉ်များတွင်လဲ ပြောင်းလဲ ထည့်သွင်းပစ်ခတ်နိုင်မည်။ 

 3M-14E Land Attack Missile
လွယ်ကူရှင်းလင်းလှသော ထိုကွန်တိန်နာများကို ရထားတွဲများတွင်လည်းကောင်း၊ အရပ်ဘက်သုံး ကုန်တင်ယာဉ် အကြီးစားများတွင်လည်းကောင်း၊ ကုန်တင်သင်္ဘောများတွင်လည်းကောင်း၊ သာမာန်ဆိပ်ကမ်းများ၊ တိုက်ခန်းများမှသော်လည်းကောင်း၊ သာမာန် ကတို့ရေယာဉ်များမှသော်လည်းကောင်း ရွှေ့ပြောင်းသယ်ယူ ပစ်ခတ်နိုင်သည်။ ထို့ကြောင့် ထောက်လှမ်းရန် ခက်ခဲပြီး အရပ်သားပစ်မှတ်များဖြင့် ရောနှောပုံဖျက်ထားနိုင်သဖြင့် ချေမှုန်းရန် အလွန်ခက်သော လက်နှက်စနစ်များဖြစ်ကြသည်။ အရှေ့တောင်အာရှနိုင်ငံများထဲမှ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ စိတ်ဝင်စားမှုနှင့် အမှာစာများရရှိထားသော စနစ်များဖြစ်သည်။ ကျန်းမာချမ်းသာကြပါစေ။

8 comments:

  1. မြန်မာစစ်အစိုးရရဲ့စစ်သားများပြားရခြင်းမှာ အိမ်ကြက်အချင်းချင်း ခွပ်ရန်ဖြစ်သာဖြစ်သည်၊၊

    ReplyDelete
  2. Anson Wongမင်းဘယ်လောက်နားလည်နေလို့လဲအိမ်နီးခြင်တရုတ်:အန္ဒိယနဲကပ်ရပ်နေမယ်ဆိုရင်ကိုယ်နိင်ငံကစစ်သားကလက်ရှိထက်
    10ဆရှိမှတော်ယုံကြမှာ မပာုတ်ရင်ပိာုကမြန်မာတစ်နိင်ငံလုးံဝါးမြိုသွားလိမ်မယ်မသိပဲရမ်းမပြောနဲ

    ReplyDelete
  3. တရုတ်ရဲ့စိတ်မနှံ့တဲ့ ရောဂါသည်ဦးရေတောင် သန်း၁၂၀ရှိတယ်.....အဲ့အရူးတွေသာ တယောက်သေနတ်တလက်ပေးပြီး သွားတိုက်ခိုင်းတောင် မြန်မာဆိုသာဘယ်မှာလိုက်ရှာရမလဲ ဖြစ်သွားမယ်...ရမ်းမပြောနဲ့

    ReplyDelete
  4. အရပ်ဘက်... အသုံး အဆောင်တွေလို မျိုး...ပုံ ဖျက်တော့ .. လက်ဦးမှုရယူ တိုက်ခိုက်နိုင်တာတော့ ဟုတ်ပါပြီ..။ ရန်သူက ကွန်တိန်နာ မြင်တိုင်း စပစ်နေပြီဆို.. ဘယ်လို ကောင်းတော့မ လဲ။ အရပ်ဘက် ပစ်မှတ်တွေ ပိုပြီး အထိနာလာ မယ်..။ မှားသလို ယွင်းသလို နဲ့ အရပ်သား တွေ နာကုန်တော့မယ်..။ တချို့ဆို ကွန်တိန်နာ လေး တွေအိမ်လုပ်ပြီး နေကြတာ တွေ့ဖူး တယ်..။ ပြီးတော့..... အရပ်သား (Civilians ) နဲ့ စစ်သား (Combatants) ရောထွေး အောင်မလုပ်ရမယ့် အကြောင်း Humanitarian Law မှာ လည်း ပြဌာန်း ထား တယ်...ဗျ..။ အဲဒါက International Law မို့ နိုင်ငံ တိုင်း က လိုက်နာရမယ့် Custom ပါ..။ IHL မှာ တော့ အရပ်သား ကို အကာအကွယ်ပေးဖို့ ၊ မရော ထွေးဖို့ အများကြီး ပြဌာန်း ထား တာပါ..။ ဂျီနီဗာ ကွန် ဗင်း ရှင်း ရဲ့ နောက်ဆက်တွဲ .. ၁၉၇၇ မှာ ချမှတ်ခဲ့ တဲ့ ပရိုတို ကောလ် မှာ ပါလိမ့် မယ်ဗျ....။ Principle of distinction ဆိုတဲ့ ခေါင်းစဉ် နဲ့ ရှာ ရင် တွေ့နိုင်ပါတယ်..။ စာ အတိုင်း ကျွန်တော် ပြန်ပြီး ကိုး ကား ပြမယ်နော်...။

    "The principle of distinction protects civilian persons and civilian objects from the effects of military operations. It requires parties to an armed conflict to distinguish at all times, and under all circumstances, between combatants and military objectives on the one hand, and civilians and civilian objects on the other; and only to target the former. It also provides that civilians lose such protection should they take a direct part in hostilities. The principle of distinction has also been found by the ICRC to be reflected in state practice; it is therefore an established norm of customary international law in both international and non-international armed conflicts." တဲ့ဗျ..။ ဒါပေမယ့်.... နိုင်ငံကြီး တွေကိုယ် တိုင်က... ဘာ ဖြစ်လို့ ဒီလို အရပ်သား နဲ့ ရော ထွေး စေ တဲ့ ဒီဇိုင်း ကို တီထွင် ကြတာ လဲ။ ကမ်မိုဖလက်ခ် ဖြစ်အောင် လုပ်တဲ့ သဘော မှန်ပေမယ့်........ အထက်က ပြောပြထား တဲ့ အတိုင်း သုံး ကြရင်ကော... သာ မန် ကုန်တင် သဘောင်္က အစ ယုံ ရပါတော့ မလား..။ ရှေးစကား ကို ကိုး ကားရရင်.. အချစ်နဲ့ စစ်မှာ မတရားဘူး ဆို တာ တကယ် ကို မရှိလေရော့ သလား လို့........။

    ReplyDelete
    Replies
    1. ကျွန်တော်နည်းနည်းလောက်ပြောချင်တယ်ဗျာ။ဒုတိယကမ္ဘာစစ်တုန်းကအဖြစ်ပျက်ပါ။ဥရောပတိုက်မှာနာဇီတွေလုံးဝမတိုက်ခိုက်ခဲ့တယ့်ဆွစ်ဇာလန်နိုင်ငံပါ။သူတို့နိုင်ငံမှာပြည်သူ့စစ်ကိုအသုံးပြုနေတော့တစ်နိုင်ငံလုံးစစ်သားတွေပါပဲ။ဒါကိုဟစ်တလာလည်းသိတော့တိုက်လို့နိုင်ခဲ့ရင်တောင်မမြတ်တော့ဘူးဆိုတာသူသဘောပေါက်သွားတယ်။ဒါကြောင့်သူတို့နိုင်ငံနာဇီလက်အောက်မရောက်ခဲ့ရဘူး။ဒါကြောင့်နိုင်ငံသားတိုင်းဟာနိုင်ငံစစ်ဖြစ်ပြီဆိုတာနဲ့ကျူးကျော်သူကိုတိုက်ခိုက်ဖို့ရာအရမ်းအရေးကြီးတယ်။ဥပမာဗီယက်နမ်နိုင်ငံပေါ့။ကျွန်တော်တို့နိုင်ငံသာပြည်သူ့စစ်ကိုအကောင်အထည်ဖော်နိုင်ရင်ဘယ်လောက်အင်အားကြီးတယ့်နိုင်ငံကိုမှကြောက်စရာမလိုပါဘူး။ဒါကြောင့်ကိုMMပြောတယ့်ကွန်တိန်နာဒုံးတွေဟာပြည်သူ့စစ်နဲ့အလွန်ကိုက်ညီပါတယ်။ကိုယ့်နိုင်ငံတစ်ခုလုံးတောင်အတိုက်ခံရမှတော့အသက်ရှင်နေလို့ကောဘာထူးမှာလည်း။ကွန်တိန်နာလောက်တော့ မပြောတော့ဘူး။

      Delete
    2. အောင်လံတံခွန်ပြောတာ ကို သဘော ကျပါတယ်..။ အမှန်တကယ် ပဲ အင်အားကြီးရန်သူ ကို ရင်ဆိုင်တဲ့ အခါ.... မတရား တာ တရား တာ မရှိတော့ ဘူး.....ဗျ။ ချုံ ခို တိုက်ရ တာ တွေ..၊ပြည်သူ့စစ်တွေ..၊ ပြောက်ကျား စစ် ဆင် နွဲရတာ တွေဟာ.. အလွန်ထိရောက်တဲ့ ဗျု ဟာတွေပါ..။ သို့သော်... WW II ပြီး တော့ မှ အဲဒီ IHL က အဲဒါ တွေ အား လုံး ပြီးတဲ့ နောက်မှာ ပြဌာန်း ခဲ့တာပါ..လေ......။

      ကျွန်တော် တို့ ဟာ... တစ်ကမ္ဘာ လုံး က လက်ခံတဲ့ international customary law တွေကို သိ ဖို့၊ နားလည် တတ်ကျွမ်း ဖို့လည်း လို တယ်ဗျ..။ အထူး သဖြင့် တပ်မတော် အတွက် ကတော့ ဒီ IHL ပေါ့..။ ဘ နဲ့ နယ်စပ်က အပစ် အခတ် ဆွေး နွေးမှု တွေမှာ... ဘာ မဟုတ်တဲ့ ဘ က တောင် မြန်မာ ဟာ.. "ဂျီနီဗာ.. ကွန်ဗင်းရှင်း " ကို မလိုက်နာ ဘူး... ဘာ ညာ နဲ့ လေသံပစ်ပြီး စထွက်လာ တာဗျ..။ ဘာ ဖြစ်လို့လဲ ဆို တော့....တကယ် လိုက်နာ တာ.. ကျင့် သုံး တာ မသုံး တာ ထက်.. အဲဒီ.. အပြည် ပြည် ဆိုင်ရာ စကား လုံး တွေကို တရစပ် ပြော နိုင် ပြနိုင်တာ ကို ပဲ နိုင်ငံတကာ က ကြား တာ ဗျ..။

      ဒီဥပဒေ တွေကို လိုက်နာ စေချင်တဲ့ ထဲမှာ အနောက် က နိုင်ငံများ က ထိပ်က ပါသဗျ...။ ဘာ ဖြစ် လို့လဲဆို တော့.. ဥပမာ အမေရိကန်ဆို ရင်.. ဒီ "ထင်ရှား ခြင်း " ရှိမရှိ ဆို တဲ့ အချက်နဲ့ တင် အတော် ခံခဲ့ ရတာကိုး ဗျ..။ တကယ် ရင်ဆိုင်တိုက်တုန်း က ထက်... ပြောက်ကျားစစ်ဆင်ခံရလို့ တတိတိ သေဆုံး ၊ ကျဆုံး အရေ အတွက်က အဆပေါင်း များ စွာ ပို နေတဲ့ အခါ ကျတော့...ဒါမျိုး တွေသူ တို့က ပို ပြီး ပြဌာန်း ချင်ကြတာ ဗျ..။ ဒါ့ ကြောင့် ... လူ့အခွင့် အရေး သိတဲ့ စစ်တပ်ဖြစ်အောင်၊ ပရော်ဖက်ရှင်နယ်လ် တပ်မတော် ဖြစ်အောင် ဘာညာ... ဆို ပြီး သင်တန်း ပေးချင်တာ လဲ လွန်ရော.....။

      နိုင်ငံနှစ်ခု ဖြစ် တဲ့ စစ်မှာ.... ၊ အဲဒီ နိုင်ငံနှစ်ခု က လည်း... တစ်ခု နဲ့ တစ်ခု တကယ် ကို မုန်းတီးနေကြတယ် ဆို ရင်.. ဒီ ဥပဒေ များ ဟာ.. အလုပ်မဖြစ်လောက်တော့ဘူးဗျ..။ အဆုံး စွန်ထိ... ချေမှုန်း နိုင်မှတော် ရာ ကျမှာ ကိုး ဗျ.။။ ဒါပေမယ့်... ဒီ ဥပဒေ များ ကို သိရမယ်.. ၊ သုံး ရမယ် ဗျ...။ တစ်ဖက်က ကုလား သူပုန်တပ်က .. နယ်ခြား စောင့် တပ်ယောင် ဆောင်တယ်..၊ ယူနီဖောင်း ကို တူ အောင်ဝတ်တယ်.. ဘာ ညာ ဆို ရင် ကျွန်တော် တို့က .. ဦး အောင်ထောက်ပြရမှာ ဗျ.။။ ဒါတွေ..ဒါတွေကြောင့် ဒီလူ တွေက ဒါ တွေကို ပြောင်ပြောင် တင်း တင်း ချိုး ဖောက်ပါတယ် ဘာညာ... ဦး အောင် ဖွင့် ချပစ်ရမှာ ပြ....။ ဒါက လည်း အရေးကြီး တဲ့ ဗျူ ဟာ တစ်ခု ပါပဲ...။

      ပြီး တော့ .. ကျွန်တော် တို့နိုင်ငံက ခံစစ် အသား ပေး နိုင်ငံ ဗျ.။ မည်သူကို မျှ မကျူးး ကျော် ဆို ပေမယ့်... အနေအထား က ဆတ်ဆတ်ထိမခံစွာတဲ့ နိုင်ငံ မျိုး ဖြစ်ဖို့က လို လာ ပြီ..။ အစ်စရေးလ် လိုပေါ့...။ အမြဲ နိုင်ငံတစ်ခု လုံး အတိုက်ခံဖို့ချည်း တွေး ပြင်နေလို့ လည်း သိပ်အဆင်မပြေလောက်ဘူး ဗျ.။ ပြီး တော့... နိုင်ငံ ပြန်လည် ထူ ထောင်ရေး အတွက်... စစ်နဲ့ မဆိုင်တဲ့ လူ ဦး ရေသတ်သတ် ဖယ်ထား ရဦး မယ်..။ အရင်ခေတ်က လို အပြောင်ရှင်း စနစ်မဟုတ်တော့ဘူးလေ..။ ကိုယ်က သူနိုင်ငံသိမ်း ရင်လည်း.... အကုန် ရှင်း လို့မရတော့ ဘူး..။ အရပ်သား နဲ့ စစ်သား ခွဲကို ခွဲရမှာ ပဲ...။ ဒီလို ခွဲခြား ကြောင်း ကို လည်း ... ကျယ် ကျယ် အော်ပြနေဖို့လည်း လိုတယ်..။ နောက်ကျ တော့... တကယ် လုပ်တာ မလုပ်တာ ထက်.... ဒါတွေကို ကျွန်တော် တို့သိပါတယ်..၊ ဒီအတိုင်း လုပ်ပါတယ် ဆို တာက မှ image ကောင်း တာဗျ..။ အန်ကယ်ဆမ် ကြီး လည်း ဒီတိုင်းပါပဲ....။ ဒရုန်း အတက်ခ် .. တွေကြောင့် အရပ်သား တွေ သေ ကုန်လည်း စစ်သွေးကြွ များ ဘယ်နှစ်ဦး ကို သုတ်သင် နိုင်လိုက် သည်... ဆို ပြီး တော့ ပဲ.....အော်ပြတာပါပဲ..။

      ကျွန်တော် ဆို လိုချင်တဲ့ လိုရင်း က.... ကျွန်တော် လည်း... ပြည်သူ့စစ်ဗျူ ဟာ ကို တကယ် သဘော ကျပါတယ်..။ အမြဲလေ့ ကျင့် မှု မရှိနိုင် လို့.. နည်းနည်း အူယားဖားယား ဖြစ်တတ်ပေမယ့် ကျွန်တော် သဘော ကျပါတယ်..။ ဒါပေမယ့် ဒီလို... ခွဲခြား ဖို့လို အပ်တယ် ဆို တာ ကို ကျွန်တော် တို့ နား လည် ကြောင်း ကောင်း ကောင်း ပြသဖို့လည်း လို တယ်ဗျ...။ ဆရာ တို့ ပို ပြီး သိကြမှာ ပါဗျာ....။ ကျွန်တော်က သာ မန်အရပ်သား ပါ..။

      သာမန် အရပ်သား မို့...
      ပြည်သူ့စစ်ကို ဘယ် အတိုင်း အတာ ထိ ဖွဲ့ စည်း ရတယ် ဆို တာကို ကျွန်တော် မသိဘူးဗျ..။ သေချာတာကတော့.. ဒီအထက်က ဆောင်းပါး ထဲမှာ ဖေါ်ပြထား တဲ့ လက်နက်စနစ်တွေဟာ. သာမန်ပြည်သူတွေ အလွယ်တကူ ထိန်း ချုပ်သုံး စွဲ နိုင်တဲ့.. စနစ်တွေမဟုတ်ဘူး...။ ကာလ အတိုင်း အတာ တစ်ခု အထိ လေ့ ကျင့် သင်ကြား ပြီး မှ.. အခြား အထောက် အကူ စနစ်တွေများ စွာ နဲ့ တွဲဖက် အသုံး ပြု ရတာပါ..။ နည်းပညာ မြင့် ပါတယ်..။ ဒါတွေကို ပြည်သူ့စစ် အင်္ဂါ ရပ်ထဲ ဇွတ်ထည့် လို မလွယ်လောက်ဘူး ထင်ပါတယ်..။



      Delete
  5. ကိုmm ရေ မြန်မာတပ်မတော်ကတာဝေးပစ်ဒုံးကျည်ထုပ်လုပ်နိုင်ပြီလားသိချင်ပါတယ်ဖော်ပြပေးပါလားPLEASE

    ReplyDelete
  6. ကိုfalconပြောတာလည်းဟုတ်ပါတယ်။သို့သော်ရန်သူကိုအထူးလက်နက်ကြီးတွေနဲ့ပြည်သူကတိုက်ခိုက်မှပြည်သူ့စစ်မဟုတ်ပါဘူး။ရန်သူ့တပ်ကိုစားနပ်ရိက္ခာမရောင်းတာနေရာထိုင်ခင်းမပေးတာအကာကွယ်မဲ့နေတာတွေကိုဖျက်ဆီးတာမိမိတပ်ကိုအစွမ်းကုန်ထောက်ပံ့တာတွေကလည်းပြည်သူ့စစ်ပါပဲ။
    ကယိကထများတယ့်လက်နက်ကြီးတွေကိုတော့ပုံဖျက်ထားတယ့်တပ်မတော်သားဝါရင့်ပညာရှင်တွေကိုင်တွယ်ပါလိမ့်မယ်။
    ကျွန်တော်အဓိကပြောချင်တာကClub-Kဒုံးစနစ်ဆိုပြီးတိတိကျကျမဟုတ်ပါဘူး။အလားသဏ္ဍန်တူတယ့်ထိရောက်ပြီးပုံဖျက်ဖုံးကွယ်မှုကောင်းတယ့်လက်နက်အားလုံးကိုဆိုလိုတာပါ။
    ကျွန်တော်မသိတာတွေကိုလည်းပြောပြပေးတယ့်အတွက်thankပါ

    ReplyDelete