Friday, December 29, 2017

C602 ဒုံးပျံများ




               တရုတ်လို YJ62 လို့ခေါ်ကြတဲ့ သည်ဒုံးပျံတွေဟာ အမေရိကန်ရဲ့ RGM109 တိုမာဟော့နဲ့ အလွန်ဆင်တူတဲ့ ပုံတူဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ အသံအောက်အမြန်နှုန်း (၀.၆) ပင်လယ်ရေမျက်နှာပြင်နဲ့ လိုက်လျောညိထွေပျံသန်း တိုက်ခိုက်နိုင်တဲ့ တာလတ်ပစ် ခရုစ်ဒုံးပျံအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ရေယာဉ်များနဲ့ ကမ်းရိုးတမ်းကာကွယ်ရေး ဒုံးတပ်ဖွဲ့တွေက အသုံးပြုကြပါတယ်။


               ၂၀၀၅ခုနှစ်မှာ ထုတ်ဖေါ်ပြသခဲ့တဲ့ မူလ YJ62 ဟာ ကီလိုဂရမ်၂၀၀ အလေးချိန်ထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး ၄၀၀ကီလိုမီတာ(ရေမိုင်၂၂၀) အကွာအဝေးထိပစ်ခတ်နိုင်ပါတယ်။ ပိုမိုတိကျစေဖို့ ရေဒါတွေ၊ စနစ်တွေ အဆင့်မြင့်တင်လိုက်တဲ့ C602 မှာတော့ ကီလိုဂရမ်၃၀၀ အလေးချိန်ထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး ၂၈၀ကီလိုမီတာ (ရေမိုင်၁၇၀) ထိပစ်ခတ်နိုင်ပါတယ်။ 
 
ကမ်းခြေစောင့်တပ်ဖွဲ့တွေ အသုံးပြုတဲ့ CM602 ကတော့ ၄၈၀ကီလိုဂရမ်အလေးချိန်ရှိ ထိပ်ဖူးကိုသယ်ဆောင်နိုင်ကာ ကီလိုမီတာ၂၅၀အထက် ရေမိုင်၁၅၀နဲ့အထက် ပစ်ခတ်နိုင်ပါတယ်။ GPS လမ်းညွှန်စနစ်နဲ့ ပစ်ခတ်နိုင်ပြီး ရေပြင်အထက် ၃၀မီတာကနေပျံသန်းကာ တိုက်ခိုက်တဲ့အခါမှာတော့ ဒုံးပျံမှာပါတဲ့ ရေဒါဟာ အကွာအဝေး ၄၀ကီလိုမီတာ မြင်ထောင့် ၄၀ဒီဂရီအတွင်းရှာဖွေပြီး ရေပြင်အထက် ၅မီတာခန့်ကနေ ပျံသန်းဝင်ရောက် ထိမှန်စေမှာဖြစ်ပါတယ်။
၂၀၀၉ခုနှစ်မှာတော့ တရုတ်ဟာ နည်းပညာမြင့် ဒုံးစနစ်တွေကို ထပ်မံပိုင်ဆိုင်လာပါတော့တယ်။ C602 ထက်သာလွန်တဲ့ ခရုစ်နည်းပညာကို CJ10 ဒုံးပျံတွေမှာတွေ့နိုင်ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ P800, အိန္ဒိယရဲ့ PJ10 brahmos တွေကို ဈေးကွက်အရရော အင်အားအရပါတန်ပြန်ဖို့အတွက် C602လိုဒုံးပျံတွေကို ရောင်းချဖို့စတင်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံက C602 ဒုံးပျံ ၁၂၀ထိဝယ်ယူထားတယ်လို့ ဆိုကြပါတယ်။ 
 
                 စတင်ရောင်းချခဲ့တဲ့ အမျိုးအစားတွေမှာတော့ GPS လမ်းညွှန်စနစ်ဟာ အားနည်းနေဆဲ ဖြစ်တယ်လို့ ဆိုကြပေမယ့် နောက်ပိုင်းမှာ ကမ်းရိုးတမ်းကာကွယ်ရေး ဒုံးတပ်ဖွဲ့တွေကို ပိုင်ဆိုင်ဖို့ ပြင်ဆင်ကြတဲ့ တပ်မတော်တိုင်းရဲ့ သဘောကျစရာ နည်းပညာ၊ တာဝေးနဲ့ ရေပြင်ပျံသန်းမှု၊ စတာတွေကြောင့် CM 602 တွေဟာ မျက်နှာပန်းလှလာပါတယ်။ သင်္ဘောဖျက်သာမက တိုက်ခိုက်ရေး ခရုစ်ဒုံးပျံအနေနဲ့ အသုံးပြုနိုင်လောက်တဲ့ ကီလိုဂရမ်၅၀၀နီးပါး ထိပ်ဖူးဟာ သံချပ်ကာဖေါက်သာမက ဖျက်အားပြင်းထိပ်ဖူးအနေနဲ့ပါ အသုံးတော်ခံလာပါတယ်။ ရေဒါလမ်းညွှန်စနစ်တွေ အဆင့်မြင့်တာ အပါအဝင် နောက်ဆုံးကီလိုမီတာ ၄၀အကွာအတွင်း ဒုံးပျံရဲ့လမ်းကြောင်းကိုပါ အဝေးကနေ ထိမ်းချုပ်လာနိုင်စေပါတယ်။ 

                     တရုတ်ဟာ CJ10 လိုဒုံးစနစ်တွေပိုင်ဆိုင်လာတဲ့အခါ မြေပြင်တိုက်ခိုက်ရေးအတွက် C602 ရဲ့ အီလက်ထောနစ်စနစ်နဲ့ အာရုံခံကိရိယာတွေကို အလွယ်တကူပြောင်းလဲတပ်ဆင်နိုင်ဖို့ပါ တပါတည်း ဖြစ်လာတာကြောင့် C602 တွေဟာ တိုမာဟော့ဒုံးပျံတွေနီးပါး အစွမ်းထက်လာတဲ့ ပုံတူပွား ဒုံးပျံအမျိုးအစားဖြစ်လာပါတော့တယ်။ ကျန်းမာချမ်းသာကြပါစေ။

Thursday, October 5, 2017

မြန်မာ့တပ်မတော်(လေ)မှ လေယာဉ် ရဟတ်ယာဉ်ကြီးများ




မြန်မာ့တပ်မတော်(လေ)မှ တိုက်လေယာဉ် ရဟတ်ယာဉ်ပုံများအား တပ်မတော်-လေ Page တွင်တင်ထားသော ဗီဒီယိုဖိုင်မှ ပြန်လည်ရယူကာ ဖော်ပြပေးသွားပါ့မယ်… တိုက်လေယာဉ် နဲ့ ရဟတ်ယာဉ်များရဲ့ အချက်လက်များနဲ့ လက်နက်စနစ်တွေကတော့ အရင်ကလည်းဖော်ပြဖူးပြီးသားမို့ ပုံတွေပဲ တင်ပေးသွားပါ့မယ်...

MiG-29 ဘက်စုံသုံးတိုက်လေယာဉ်
ရုရှားနိုင်ငံထုတ်ဖြစ်သည်။ တပ်မတော်-လေတွင် ပုံပါ ကိုယ်ထည်အမှတ်စဉ်အရ အစီးရေ(၃၇) ပိုင်ဆိုင်ထားသည်ဟု ယူဆရပါသည်။
 
 
 
 

F-7M II.K ကြားဖြတ်တိုက်လေယာဉ်
တရုပ်နိုင်ငံထုတ်ဖြစ်သည်။
 


A-5C Fantam ဗုံးကြဲတိုက်လေယာဉ်
တရုပ်နိုင်ငံထုတ်ဖြစ်သည်။
 

K-8W အမောင်းသင်တိုက်လေယာဉ်
 တရုပ်နိုင်ငံထုတ်ဖြစ်သည်။
 
 


Grob G120TPအမောင်းသင်တိုက်လေယာဉ်
ဂျာမနီနိုင်ငံထုတ်ဖြစ်သည်။
 
 
 

Mi-2 အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်
ရုရှားနိုင်ငံထုတ်ဖြစ်သည်။


Mi-17 အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်
ရုရှားနိုင်ငံထုတ်ဖြစ်သည်။

Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်
ရုရှားနိုင်ငံထုတ်ဖြစ်သည်။
 
 


Bell206 အပေါ့စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်
အမေရိကန်နိုင်ငံထုတ်ဖြစ်သည်။
 

Y-12 အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ်
တရုပ်နိုင်ငံထုတ်ဖြစ်သည်။

အကိုးကား- တပ်မတော်-လေ

Wednesday, August 23, 2017

အင်အားကြီးမားလာသည့် ယိုးဒယား၏ သံချပ်ကာနဲ့တင့်တပ်ဖွဲ့



 

တပ်မတော်အနေနဲ့ ၁၉၉၀ခုနှစ်များမှ စတင်ကာ စစ်လက်နက်အမြောက်အများ ဖြည့်တင်းလာသည်ကိုတွေ့ရပါတယ်…တကယ်တော့၁၉၉၀ခုနှစ်မတိုင်မီအထိ တပ်မတော်ရဲ့ စစ်လက်နက်အင်းအားဟာ ပြည်ပကျူးကျော်စစ်ကို တုန့်ပြန်ဖို့အင်အားနည်းပါးနေခဲ့တာ အမှန်ပဲဖြစ်ပါတယ်… အဆိုပါကာလတွေမှာတော့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ခေတ်မီ တိုက်လေယာဉ်များ ရေယာဉ်ကြီးများ အမြောက်များ စသည်ဖြင့် တိုးချဲ့ဖွဲ့စည်းနေချိန်လည်း ဖြစ်ပါတယ်… ၉၀ခုနှစ်နှောင်းပိုင်းမှာတော့ တပ်မတော်ဟာ အသံထက်မြန်သောတိုက်လေယာဉ်များ ပဲ့ထိန်းဒုံးတပ်စစ်ရေယာဉ်များ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်များ အမြောက်ကြီးများသာမက သံချပ်ကာနဲ့ တင့်ကားများ ပိုင်ဆိုင်လာခဲ့ပါပြီ၊ ဝယ်ယူထားတဲ့ စစ်လက်နက်များအနေနဲ့ တရုပ်တပ်မတော်ရဲ့ ခေတ်မီနည်းပညာအသစ်တွေ ဖြစ်နေတယ်ဆိုတာ Houxin Class Missile FAC တွေ Type-59Dတင့်ကားကြီးတွေ Type-92IFV လိုအသစ်ကပ်ချွတ်တွေကို ကြည့်ရင် ထိုခေတ်ကာလရဲ့ တရုပ်ထုတ်အကောင်းဆုံးတွေဆိုတာ အထင်အရှားပါပဲ… G-4 လို ယူဂိုဆလပ်ထုတ် လေယာဉ်များလည်း ဝယ်ယူခဲ့သလို ၂၀၀၀ခုနှစ်များမှာတော့ ကမ္ဘာကျော် T-72S ပင်မတိုက်ပွဲဝင်တင့်ကားများ MiG-29B ဘက်စုံသုံးတိုက်လေယာဉ်များလည်း မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်…

 မြန်မာ့တပ်မတော်ရှိ T-72S ပင်မတိုက်ပွဲဝင်တင့်ကား

 

ယခုပိုစ့်မှာတော့ အထူးသဖြင့် တင့်ကားတွေအကြောင်း လေ့လာမိသလောက်တင်ပြခြင်းပါတယ်… Type-59D, Type-63, Type-69II နဲ့ T-72S ပင်မတိုက်ပွဲဝင်တင့်ကားကြီးများဟာ မြန်မာ့တပ်မတော်ကို အာဆီယံဒေသတွင်း ပြိုင်ဘက်ကင်းတဲ့ သံချပ်ကာတင့်တပ်ဖွဲ့ကြီးအဖြစ် ရပ်တည်နိုင်စေခဲ့ပါတယ်….
ယိုးဒယားရဲ့ M60A1,M48 တင့်များ ဘင်္ဂလားဒေ့်ရဲ့ Type-59 နဲ့ Type-69 တင့်များဟာလည်း မြန်မာ့တပ်မတော်အသုံးပြုတဲ့ တင့်များလောက် အဆင့်မြင့်တင်မှု ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး… ထိုအချက်ကိုသတိထားမိတဲ့ သမိုင်းတလျောက် မြန်မာတို့နဲ့ ထိပ်တိုက်ထိတွေ့မှု မကြာခဏဖြစ်ခဲ့တဲ့ ယိုးဒယားတို့အနေနဲ့ ၄င်းတို့ရဲ့ သက်တမ်းအိုမင်းနေပီဖြစ်သော M60A တင့်များကို အစားထိုးဖို့ ခေတ်မီတင့်ကားတမျိုး ဝယ်ယူဖို့ စိုင်းပြင်းကြပါတော့တယ် ၂၀၀၃ ခုနှစ်များကပင် အပူတပြင်း လေ့လာခဲ့ကြပြီး ဂျာမနီထုတ် Leopard တင့်များဝယ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် တောတွင်းစစ်ဆင်ရေးအတွက် အဆင်မပြေဟုဆိုကာ ယူကရိန်းနိုင်ငံထုတ် Oplot-M T-84 ပင်မတိုက်ပွဲဝင်တင့်ကားများကို ဝယ်ယူခဲ့ကြပါတယ်… ယိုးဒယားတို့အနေနဲ့ မြန်မာတို့ရဲ့ T-72S ပင်မတိုက်ပွဲကို တန်ပြန်စစ်ကစားနိုင်စေဖို့ T-84 တင့် အစီးရေ ၂၀၀ကျော် ဝယ်ယူခဲ့ပေမယ့် ယူကရိန်းပြည်တွင်းစစ်ကြောင့် တင့်များရောက်ရှိရန် နှောင့်နှေးခြင်း ထုတ်လုပ်ပြီး BTR-3E1များကိုပင် ယူကရိန်းတို့မှ တိုက်ပွဲအတွင်းသုံးပြုနေရခြင်းစသည့် အခက်အခဲများကြောင့် မူလစာချုပ်ကို ပြန်လှည်ရုတ်သိမ်းခဲ့ပါတယ်… 

T-72S ပင်မတိုက်ပွဲဝင်တင့်ကားများကို တန်ပြန်ဖို့ ကြံစည်နေချိန်မှာပဲ မြန်မာ့တပ်မတော်အနေနဲ့ တရုပ်တပ်မတော်ရဲ့ Type-96 (Type-90II) တင့်နည်းပညာအသုံးပြု MBT-2000များ ထပ်မံဝယ်ယူလိုက်ပြန်ပါတယ်…

 ယိုးဒယားစစ်တပ်ပိုင် Oplot T ပင်မတိုက်ပွဲဝင်တင့်ကား
 
ယိုးဒယားတို့အနေနဲ့ တင့်အမြောက်အများလိုအပ်နေပေမယ့် T-84 တင့် အစီးရေ ၃၀ဝန်းကျင်သာ လက်ခံရရှိခဲ့ပါတော့တယ်…. ယိုးဒယားတို့ရဲ့ T-72S တင့်ကြောက်ရောဂါဟာ ပျောက်ကွယ်မသွားသေးတာမို့ ရုရှားရဲ့ T-90MS နဲ့ တရုပ်ရဲ့ VT-4 (MBT-3000) ပင်မတိုက်ပွဲဝင်တင့်များဘက်ကို လှည့်လာပြန်ပါတယ်… ရုရှားတင့်ဖြစ်တဲ့ T-90MS ဝယ်ယူရန် စာချုပ်ချုပ်ခါနီးအထိရောက်ခဲ့ပေမယ့် တရုပ်တို့ရဲ့ တင့်နည်းပညာများပါ ပေးအပ်မည်ဆိုသည့် ကမ်းလှမ်းချက်က ယိုးဒယားတို့ကို အိပ်မက်ကြီးကြီး မက်စေခဲ့ပါတယ်… MBT-3000 တင့်ဟာ Type-99 ပင်မတိုက်ပွဲဝင်တင့်ကားမှာ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ်နည်းပညာများပါဝင်တယ်လို့ သိရပေမယ့် တရုပ်တပ်မတော်အနေနဲ့ သူ့ပြည်တွင်းတစ်ဦးတည်းသုံးType-99တင့်ရဲ့ စွမ်းဆောင်ရည်များကို ပြင်ပသို့ ဈေးချိုချိုနဲ့ ပေးလိုက်မယ်ဆိုတာ မဖြစ်နိုင်တဲ့ အတွေးအခေါ်တစ်ခုပဲ ဖြစ်ပါတယ်…
ယိုးဒယားတို့ဝယ်ယူထားတဲ့ တင့်နဲ့သံချပ်ကာယာဉ်တွေကို လေ့လာကြည့်ရင် ယခင်အမေရိကန်ထုတ် စစ်လက်နက်များကို အားထားနေရတဲ့အခြေအနေကနေပြောင်းလဲလာပြီးတော့ ယူကရိန်း နဲ့ တရုပ်ကဲ့သို့သော နိုင်ငံတွေကနေဝယ်ယူလာမှုကလည်း ထူးခြားချက်တစ်ခုပါ… ယူကရိန်းထုတ် Oplot T (ယိုးဒယားပြည်တွင်းသုံး)အနေနဲ့ စစ်လက်နက်စိတ်ဝင်စားတဲ့ ညီအစ်ကိုတို့ အတော်များများသိပီးသားဖြစ်နေမှာမို့ တရုပ်ဆီကနေဝယ်ယူထားတဲ့ VT-4 အကြောင်း အနည်းငယ်ဖော်ပြပေးချင်ပါတယ်… 

(VT-4 ပင်မတိုက်ပွဲဝင်တင့်ကားနဲ့ GL5 ASP စနစ်များအကြောင်းကိုတော့ ဆရာရန်မျိုးနိုင်က ရေးသားပေးထားပါတယ်..)



VT-4 (MBT-3000) ပင်မတိုက်ပွဲဝင်တင့်ကား


 
တရုတ်နိုင်ငံ၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်တွင်းထုတ်လက်နက်များပြပွဲနှင့် စွမ်းရည်ပြပွဲမှာ ယိုးဒယားတပ်မတော်အတွက် တရုတ်နိုင်ငံ Norinco မှ မှာယူထားသော MBT-3000 (VT-4) ပင်မတိုက်ပွဲဝင်တင့်ကား ပထမအသုတ်ကို တရုတ်တို့က ပထမဆုံးအကြိမ် မောင်းနှင်ပြသခဲ့ပါတယ်။
ယိုးဒယားတပ်မတော်ဟာ တရုတ်နိုင်ငံမှ MBT-3000 (VT-4) ပင်မတိုက်ပွဲဝင်တင့် (၃၈)စီးကို ပြီးခဲ့တဲ့နှစ်က မှာယူခဲ့တာဖြစ်ပြီး၊ အဆိုပါတင့်ကားအမျိုးအစားအတွက် မြင်းကောင်ရေ ၁၂၀၀ အားရှိ တာဘိုဒီဇယ်အင်ဂျင်ကို တပ်ဆင်ပေးရမှာဖြစ်ပါတယ်။ ၎င်းရဲ့ တိုက်ပွဲဝင်အလေးချိန်ဟာ (၅၂)တန်ခန့်ရှိပြီး၊ အင်ဂျင်စွမ်းရည်နှင့်အလေးချိန်အချိုး (power to weight ratio) မှာ 23hp/tonne အထက်မှာ ရှိနေပါတယ်။
လက်နက်အနေဖြင့် ၁၂၅-မမ ပြောင်းချောအမြောက်တစ်လက်ကို အလိုအလျောက်ကျည်ထိုးစနစ်ဖြင့် တွဲဖက်တပ်ဆင်ပေးထားပြီး၊ အရန်လက်နက်များအနေဖြင့် အရှေ့ဘက်တွဲ ၇.၆၂-မမ ယှဉ်တွဲစက်လတ် (၁)လက်၊ တင့်အဖွဲ့မှူးမှ အဝေးထိန်းစနစ်ဖြင့် ပစ်ခတ်သည့် ၁၂.၇-မမ စက်သေနတ်ကြီး (၁)လက် တို့ကိုပါ တပ်ဆင်ပေးထားပါတယ်။
 

ယိုးဒယားကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ချိုင်းစစ်သီဆတ်၏ ပြောကြားချက်အရ တရုတ်နိုင်ငံဟာ ၎င်းတို့မှာယူထားတဲ့ အစီးရေ (၃၈)စီးမှ ပထမအသုတ် (၂၈)စီးကို ယခုနှစ်အတွင်းမှာပင် ပေးပို့ပေးနိုင်လိမ့်မှာ ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သမားရိုးကျလက်နက်တင်ပို့ရောင်းချမှု စစ်တမ်းကို ၁၉၉၂ ခုနှစ်မှာ စတင်ပြုစုခဲ့ပြီး၊ အဆိုပါစာရင်းအရ တရုတ်နိုင်ငံဟာ ၁၉၉၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကာလအတွင်း တင့်ကားအစီးရေ (၄၆၁)စီးထိ ပြည်ပသို့ တင်ပို့ရောင်းချခဲ့တယ်လို့ သိရှိရပါတယ်။ ကောက်ခံထားသော စာရင်းအရ ကမ္ဘာပေါ်တွင် တင့်ကားအစီးရေအများဆုံး တင်ပို့ရောင်းချခဲ့သည့်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး စုစုပေါင်း အစီးရေ (၅၅၁၁)စီးအထိ တင်ပို့ရောင်းချခဲ့ပါတယ်။
 VT-4 တင့်အတွက် အသစ်ပါဝင်လာတဲ့ စနစ်ဖြစ်တဲ့ GL5 ASP စနစ်ကိုလည်း ဆက်စပ်ဖော်ပြပေးပါ့မယ်..

GL5 ASP


တရုတ်နိုင်ငံ၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စက်ပစ်ကွင်းတစ်ခုမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်တွင်းထုတ်လက်နက်များပြပွဲနှင့် စွမ်းရည်ပြပွဲမှာ တရုတ်နိုင်ငံထုတ် GL5 Active Protection System ကို Norinco ကုမ္ပဏီက ပထမဆုံး စမ်းသပ်သရုပ်ပြခဲ့ပါတယ်။
အဆိုပါ GL5 APS ဟာ ပတ်လည် ၃၆၀ ဒီဂရီနှင့် ထောင်လိုက် ၂၀ ဒီဂရီအတွင်း ဝင်ရောက်လာသော အပေါ့စားတင့်ဖျက်လက်နက်များနှင့် ပဲ့ထိန်းတင့်ဖျက်ဒုံးပျံများရဲ့ရန်မှ မိမိ၏တင့်ကားကို အထူးကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
GL5 APS ဟာ မိမိထံသို့ ဦးတည်လာသော ရန်သူ့လက်နက်ကို အထူးရေဒါစနစ်ဖြင့် ထောက်လှမ်းသိရှိနိုင်မှာဖြစ်ပြီး၊ တစ်ပြိုင်နက်တည်းမှာပင် ဝင်ရောက်လာသော ရန်သူ့လက်နက်ထံသို့ တန်ပြန်ချေမှုန်းရေးဒုံးကို ပစ်လွှတ်ပြီး ၎င်း၏အနီးတွင် ကြိုတင်ဖောက်ခွဲကာ ရန်သူ့လက်နက်ကို ဖျက်ဆီးပစ်မှာပဲဖြစ်ပါတယ်။
ကျွမ်းကျင်သူများအဆိုအရ အဆိုပါ GL5 Active Protection System ကို တရုတ်နိုင်ငံ၏ ပင်မတိုက်ပွဲဝင်တင့်ကားအမျိုးအစားသစ်တစ်ခုဖြစ်တဲ့ ZTZ-99 တင့်ကားမှာ တပ်ဆင်ပေးမှာဖြစ်တယ်လို့ သိရှိရပါတယ်။






Ref: http://defence-blog.com/army/china-unveils-gl5-active-protection-system-for-main-battle-tanks.html